Local Celebrity: မိဘမဲ့ကလေးများအတွက် ဆောက်လုပ်လှူဒါန်းခဲ့တဲ့ R ဇာနည်

ရွှေပြည်သာဘက်တွင် မိဘမဲ့ကလေးနဲ့ သီလရှင်ကလေးများ နေထိုင်ဖို့အတွက် ကျောင်းဆောက်လုပ်လှူဒါန်း ခဲ့တယ်လို့ သိရပါတယ်။

play

 

အဆိုတော် R ဇာနည်က "ကမ္ဘာသား"တေးစီးရီးခွေ ရောင်းရငွေများကို လှူဒါန်းမှုများ ပြုလုပ်မယ်လို့ ဆိုတဲ့အတိုင်း ယခုအခါမှာလည်း ဒုတိယအကြိမ်အဖြစ် ရွှေပြည်သာဘက်တွင် မိဘမဲ့ကလေးများနဲ့ သီလရှင်ကလေးများ နေထိုင်ဖို့အတွက် ကျောင်းဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။

play

 

ပထမအကြိမ်တုန်းက အခွေရောင်းရငွေ ကျပ်သိန်းတစ်ရာကို ဧရာဝတီတိုင်းဘက်က ကမ်းပြိုတဲ့ဒေသများကို လှူခဲ့သလို ရေတွင်းတွေလည်း တူးဖြစ်ခဲ့ပါတယ်။ ဒီတစ်ကြိမ်ကတော့ ဒုတိယအကြိမ်ဖြစ်ပြီး အဆောက်အဦး ဆောက်ဖို့အတွက် သိန်းတစ်ရာကျော်လောက် လှူဒါန်းသွားမယ်လို့လည်း သိရပါတယ်။

play

 

ရွှေပြည်သာဘက်တွင် ဆောက်လုပ်လှူဒါန်းမယ့် ကျောင်းကိုတော့ မိုးတွင်းအကုန်မှာ အပြီးဆောက်လုပ် သွားမယ်လို့လည်း သိရပါတယ်။

Source : Popular News

Photo   : R ဇာနည် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ