R ဇာနည်တို့ မိသားစုကတော့  မိတ္ထီလာမြို့နယ် ၊ ရှေးဟောင်း ယဉ်ကျေးမှု ဇုံအမှတ်(၂)မှာရှိတဲ့ ရွှေဘုံသာစေတီ၊ ငွေဘုံသာစေတီနဲ့ ပြည်လုံးချမ်းသာစေတီတော်တို့အား ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်တင်လှူပွဲနဲ့ ဗုဒ္ဓါဘိသေက အနေက ဇာတင် မင်္ဂလာ အခမ်းအနားမှာ ပါဝင်ကုသိုလ်ယူခဲ့ကြပါတယ်။

play

 

စိန်ဖူးတော် တင်လှူပွဲမှာ Rဇာနည်တို့ မိသားစုက ငွေဘုံသာဘုရားမှာ စိန်ဖူးတော် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ ဘုရားထီးတော်တင် လှူပွဲကိုတော့ နိုဝင်ဘာ(၆)ရက်နေ့က မုန်တိုင်းကျေးရွာမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး Rဇာနည်တို့ မိသားစုအပြင် အဆိုတော် ကြီး ဇော်ဝင်းထွဋ် တို့မိသားစုနဲ့ အနုပညာရှင်တချို့လည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

play

 

စိန်ဖူးတော် လှူဒါန်းနေတဲ့ Rဇာနည်တို့ မိသားစု ပုံရိပ်လေးကိုလည်း ပရိသတ်တွေအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Rဇာနည်ရဲ့ ဇနီးဖြစ်သူ ဝမ်းကတော့ အခုဆိုရင် ဒုတိယ ကိုယ်ဝန်လေးကိုလည်း လွယ်ထားနေရပြီ ဖြစ်ပါတယ်။ ကိုယ်ဝန်ကတော့ (၆)လခန့် ရှိပြီလို့ သိရပါတယ်။

play

 

ဒုတိယရင်းသွေးလေးဟာလည်း ယောက်ျားလေးလို့ သိရပါတယ်။ Rဇာနည်နဲ့ ဝမ်းတို့ရဲ့ သားဖြစ်သူကတော့ အသက်(၈)နှစ်အရွယ်ရှိနေပြီး ဒုတိယတန်း တက်ရောက်နေတယ်လို့ သိရပါတယ်။ Rဇာနည်နဲ့ ဝမ်းတို့ရဲ့ အိမ်ထောင်သက်ကတော့ (၁၃)နှစ်ရှိပြီလို့ သိရပါတယ်။

Postby

 

Photo : ကိုအေးဇော်မိုး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video