Local Celebrity: Rဇာနည်နဲ့ ဝမ်းတို့ရဲ့ The Lace ဇာဆိုင်သစ်ဖွင့်ပွဲ

, updated

အနောက်ရွှေဂုံတိုင်လမ်းမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

play

 

အဆိုတော် Rဇာနည်နဲ့ ဝမ်းတို့ ဇနီးမောင်နှံရဲ့ The Lace ဇာဆိုင်သစ်ဖွင့်လှစ်ပွဲကို ဒီနေ့ (ဒီဇင်ဘာ၉)ရက်နေ့ နံနက် (၁၁)နာရီက အမှတ်(93/A)  အနောက်ရွှေဂုံတိုင်လမ်း တွင် ပြုလုပ်ခဲ့ပါတယ်။ The Lace ဇာဆိုင်သစ်ဖွင့်ပွဲ အထိမ်း အမှတ်အဖြစ် ဒီဇင်ဘာ (၉)ရက်နေ့မှ စတင်ကာ ၁၂ရက်နေ့အထိ လေးရက်တိုင်တိုင် ၈၀% အထူး Discount အစီအစဉ်များ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

play

 

Rဇာနည်နဲ့ ဝမ်းတို့ဇနီးမောင်နှံရဲ့ The Lace ဇာဆိုင်ဖွင့်ပွဲကို  အနုပညာရှင်မောင်နှမများစွာ တက်ရောက်အားပေးခဲ့ကြပါတယ်။ Rဇာနည်တို့ ဇနီးမောင်နှံက လွန်ခဲ့သော ရက်ပိုင်းကလည်း သာပေါင်းမြို့နယ် (အ.မ.က ရုံးပင်) Rဇာနည်+မဝမ်း၊ ကိုအောင်မင်းထွန်း+မထွန်းအိန္ဒြာဗို တို့ ကမကထပြုပြီး ကနေဒါ မြန်မာ့လူမှု ထောက်ပံ့ရေးအသင်းမှ အလှူငွေ သိန်း(၅၀) ၊ ကိုမင်းရဲကျော်+ နန်းချိုမူအေး (၁၀သိန်း)မတည်လျက် စာရေးခုံတို့ကိုလည်း သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ