Rဇာနည်နဲ့ ဝမ်းတို့ရဲ့ ဒုတိယရင်သွေးလေးကို ဇန်နဝါရီ (၁၀)ရက်နေ့ (၁၁)နာရီဝန်းကျင်လောက်က ပန်းလှိုင်စီလုံဆေးရုံကြီးမှာ အောင်မြင်စွာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

၆ပေါင်နဲ့ ၁၄ အောင်စရှိတဲ့ R ဇာနည်ရဲ့ သားလေးကတော့ ချစ်စရာလေးပါ။ Rဇာနည်နဲ့ ဝမ်းတို့ရဲ့ သားလေးကိုလည်း အနုပညာရှင်မောင်နှမတွေက လာရောက်ကြည့်ရှုခဲ့ကြပါသေးတယ်။

play

 

ဂီတမောင်နှများသာမက အခြားသော နယ်ပယ်က အနုပညာမောင်နှမများလည်း သွားရောက်ခဲ့ကြပါတယ်။Rဇာနည်တို့ရဲ့ သားလေးကတော့ မွေးကတည်းက လူချစ်လူခင်ပေါတယ်လို့ ဆိုရမှာပါပဲ။

သားလေးကိုတော့ လက်တလောမှာ ဖစ်ဖစ်တုန်နာမည်ပေးထားတဲ့အတိုင်း ချစ်ချစ်တုန်လို့ခေါ်နေတယ်လို့ သိရပါတယ်။

play

သားလေးရဲ့ အချင်းသွေးနဲ့ အချင်းတစ်ရှူး ပင်မဆဲလ်များကိုလည်း MEDEZE Myanmar မှာ သိမ်းဆည်းထားတယ်လို့ သိရပါတယ်။

Rဇာနည်ကတော့ သားနှစ်ယောက်အဖေကြီး ဖြစ်လို့သွားပါပြီ။ သားဖြစ်သူက မောင်နှမလိုချင်တာကြောင့် ဒုတိယရင်သွေးလေးကို ယူဖြစ်တာ ဖြစ်တယ်ဆိုပြီး အရင်က အင်တာဗျူးတွေမှာ ဖြေဆိုဖူးပါတယ်။

play

 

Rဇာနည်နဲ့ ဝမ်းတို့ရဲ့ သားကြီး ဖစ်ဖစ်တုန်(ခ)ဥာဏ်ဘုန်းဇာနည် ဖြစ်သူကတော့ အသက်(၈)နှစ်အရွယ်ရှိနေပြီး ဒုတိယတန်း တက်ရောက်နေတယ်လို့ သိရပါတယ်။ Rဇာနည်နဲ့ ဝမ်းတို့ရဲ့ အိမ်ထောင်သက်ကတော့ (၁၃)နှစ်ရှိပြီလို့ သိရပါတယ်။

Rဇာနည် ကတော့ လက်တလောမှာ ပွင့်လင်းရာသီ ရောက်လာပြီ ဖြစ်တာကြောင့် ဖျော်ဖြေပွဲတွေမှာ ပါဝင်သီဆိုဖို့ အစီအစဉ်ရှိနေပြီး "ကမ္ဘာသား" MTV ရောင်းရငွေများကိုလည်း ထပ်မံလှူဒါန်းဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

Photo : Rဇာနည် FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video