AD
AD
AD
play

 

ချစ်စရာကောင်းပြီး ချောမောလှပတဲ့ မျက်နှာလေးတွေကို ပိုင်ဆိုင်ထားတဲ့ သူရိယနဲ့ ဆုအိမ့်စံတို့ စုံတွဲက  Reflection Red Carpet Gala Show ပွဲကို စုံတွဲ တက်ရောက်ခဲ့ပါတယ်။ Reflection Red Carpet Gala Show ပွဲကို ဧပြီ(၅) ရက်နေ့က ရန်ကုန်မြို့ သမ္မတရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်ခဲ့တာပါ။ အဲ့ဒီပွဲကိုတော့ သူရိယတို့စုံတွဲလေးက အတွဲညီညီ တက်ရောက်အားပေးခဲ့တာ ဖြစ်ပါတယ်။

play

 

ပွဲတက်ပုံလေးတွေကလည်း အရမ်းကို ချစ်ဖို့ကောင်းလှပါတယ်။ ပွဲတက်ပုံလှလှလေးတွေကိုလည်း သူရိယရဲ့ ဖေ့စ်ဘွတ်မှာ တင်ထားပြီးတော့ ယခုလို စာသားလေးကိုလည်း ရေးသားထားတာ တွေ့ရပါတယ်။

"သမ္မတရုံမှာ ကျင်းပတဲ့ သုဒြာထုတ်လုပ်ရေး  Reflection ( ရောင်ပြန် )GALA show

ပွဲတက် အမှတ်တရပါ။

#Reflection အကြီးကြီးအောင်မြင်ပါစေ...

ဓါတ်ပုံရိုက်ပေးပါသော

ကိုနေမင်းထွန်း ( Amazing Grace ) ကို ကျေးဇူးတင်ပါတယ်..." ဆိုပြီးတော့လည်း ပြောထားပါသေးတယ်။သူရိယနဲ့ ဆုအိမ့်စံတို့ရဲ့ ပုံလှလှလေးတွေကိုလည်း ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

play

 

သရုပ်ဆောင် လောကထဲမှာ ပရိသတ်အားပေးမှု ရရှိနေတဲ့ သူရိယနဲ့ ဆုအိမ့်စံတို့ စုံတွဲလေးက ၂၀၁၈ခုနှစ် ဇန်နဝါရီ(၂၂) ရက်နေ့က ချစ်သူသက်တမ်း(၁)နှစ်ပြည့်လို့ သွားခဲ့တာပါ။

သူတို့နှစ်ယောက်ရဲ့ ချစ်သူသက်တမ်း(၁)နှစ်ပြည့်လေးကိုလည်း ထူးထူးခြားခြားလေး ဖြစ်အောင်လို့ အဝါရောင်မျိုးဆက်သစ် လူငယ်ပရဟိတအသင်းလေးမှာ အလှူသွားလုပ်ခဲ့ပါသေးတယ်။

play

 

သူရိယနဲ့ဆုအိမ့်စံတို့နှစ်ယောက်စလုံးဟာ သရုပ်ဆောင်ပိုင်းမှာ ပရိသတ်အသိအမှတ်ပြု ခံထားရတဲ့ အနုပညာရှင် နှစ်ဦးလည်း ဖြစ်ပါတယ်။ သူတို့နှစ်ဦး ချစ်သူတွေ ဖြစ်နေကြောင်းကိုတော့ ဖေ့စ်ဘွတ်ပေ့ခ်ျတစ်ခုကနေ ပြောပြခဲ့ရာက ပရိသတ်များ သိခဲ့ရတာလည်း ဖြစ်ပါတယ်။

အဲ့ဒီနောက်မှာ သူတို့နှစ်ဦးဟာ ချစ်သူတွေ ဖြစ်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။ သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ သူတို့နှစ်ဦးကတော့ အနုပညာအလုပ်တွေကို အတူတူပျော်ပျော်ရွှင်ရွှင်နဲ့ လုပ်ကိုင်နေတာကို ပရိသတ်တွေ တွေ့မြင်ရမှာပါ။ တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်ခဲသလို ရန်ဖြစ်ရင်လည်း မိနစ်ပိုင်းတောင် မကြာပဲ ပြန်ခေါ်တက်တဲ့သူတို့နှစ်ဦးရဲ့ ချစ်ခြင်းမေတ္တာကို ပရိသတ်တွေ တွေ့မြင်နိုင်မှာပါ။

Photo : သူရိယ FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD