AD
AD
AD
play

 

အသံပါဝါကောင်းကောင်းနဲ့ ပရိသတ်တွေကို ဆွဲဆောင်နိုင်သူ ဂီတလောကမှာ နေရာတစ်နေရာကို ခိုင်ခိုင်မာမာရရှိထားသူဖြစ်တဲ့ အဆို တော် နီနီခင်ဇော်ရဲ့ Retro Redvolution show ပွဲကြီးရဲ့ ပထမနေ့ကို အောင်မြင်စွာ အဆုံး သတ်နိုင်ခဲ့ပါတယ်။ သူမရဲ့ ရှိုးပွဲကို ဧပြီ(၇)ရက်နေ့နဲ့(၈)ရက်နေ့တို့မှာ ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

play

 

၁၉၉၀ ဝန်းကျင်က ခေတ်စားခဲ့တဲ့ Classic Music, Jazz တေးဂီတ၊ Pop ဂီတ၊ Soul နှင့် Swing တေးဂီတ တွေကို အကတွေနဲ့အတူ ပိုမိုရင်သပ်ရှုမောအောင် ဖျော်ဖြေတင်ဆက်နိုင်ခဲ့တဲ့ နီနီခင်ဇော်ရဲ့ ရှိုးပွဲက ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိသွားခဲ့ပါတယ်။ ပွဲစဉ်တစ်လျှောက် မရိုးနိုင်တဲ့ ပါဖောမန့်နဲ့ တင်ဆက်သွားခဲ့တဲ့ကြောင့် ကြည့်ရှုသူ ပရိသတ်တွေအတွက် ရင်ထဲကို ကျန်ခဲ့တဲ့ ပွဲလေးလည်း ဖြစ်ပါတယ်။

play

 

ဖျော်ဖြေပွဲ မပြုလုပ်ခင်ကတည်းက ကြိုးစားလာခဲ့ရတဲ့ နီနီခင်ဇော်အတွက်  အခုတော့ သူမရဲ့ ကြိုးစားမှုတွေဟာ အရာ ထင်သွားခဲ့ပြီ။ ပရိသတ်များရဲ့ တခဲနက် အားပေးမှုတွေနဲ့အတူ သူမရဲ့ Retro Redvolution Show ကြီးက ပြီးဆုံးသားခဲ့ပါပြီ။

နီနီခင်ဇော်ကတော့ RED volution Show ဆိုပြီးတော့လည်း တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ၂၀၁၇ ခုနှစ်က အောင်မြင်စွာ ကျင်းပနိုင်ခဲ့ သူလည်း ဖြစ်ပါတယ်။

Photo : နီနီခင်ဇော် FB ၊

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD