Local Celebrity: ခရီးသွားခြင်းနဲ့ပတ်သက်တဲ့လေ့လာစရာတွေပေးချင်တဲ့ Ride On Europe ခရီးစဉ်

နိုင်ငံပေါင်း ၆ နိုင်ငံနဲ့ မြို့ ၉ မြို့ ကိုသွားကြမှာပါ။

Passionate Traveller က စီစဉ်တဲ့ Ride On Europe ခရီးစဉ်ကို ကျော်ကျော်ဗို၊သည်ခေတ်နေ၊အလက်ဇန်းဒါးခရစ်၊ကျော်လင်းဗို၊Mike နဲ့ မာရီကိုးလ် တို့က ပါဝင်သွားမယ်လို့ သိရပါတယ်။ခရီးစဉ်အနေနဲ့ (၁၅) ရက် ကြာမယ်လို့ Passionate Traveller က တာဝန်ရှိသူ အလက်ဇန်းဒါးခရစ် က Duwun Media ကို ပြောပြခဲ့ပါတယ်။

play

 

" ဒီခရီးစဉ်ကတော့ နိုင်ငံပေါင်း ၆ နိုင်ငံကို သွားရောက်လည်ပတ်ကြမှာဖြစ်ပါတယ်။နိုင်ငံတစ်ခု နဲ့ တစ်ခု မတူညီတဲ့ ယဉ်ကျေးမှု အလှတရားတွေကို ပရိသတ်တွေ သိအောင်ပြသချင်တဲ့ ရည်ရွယ်ချက်ပါ၊ထူးခြားတာတွေလည်း အများကြီးပါလာလိမ့်မယ်၊ ဂျာမနီ၊ချက်စ်သမ္မတနိုင်ငံ၊ပိုလန်နိုင်ငံ၊ ဟန်ဂေရီနိုင်ငံ၊ ဆိုဖာကီးယား၊သြစတေးလျနိုင်ငံ စတဲ့ ၆ နိုင်ငံကိုသွားမယ် မြို့ ၉ မြို့ပါမယ်၊ဒီခရီးစဉ်ပြီးရင်လည်း USA ကို သွားဖို့ တိုင်ပင်ထားပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံသူ၊နိုင်ငံသားတွေအနေနဲ့ ခရီးသွားခြင်းနဲ့ပတ်သက်တဲ့ လေ့လာမှတ်သားစရာတွေကို ပေးချင်တဲ့ မက်ဆေ့ခ်ျ ဖြစ်ပါတယ် '' လို့ အလက်ဇန်းဒါးက ဆိုပါတယ်။

play

 

 Ride On Europe ခရီးစဉ် အနေနဲ့ ၁၅ ရက်ကြာမြင့်မှာဖြစ်ပြီး ခရီးစဉ်နဲ့ ပတ်သက်တဲ့ အစီအစဉ်မှတ်တမ်းကိုတော့ အောက်တိုဘာလ အတွင်း ပြသသွားမယ်လို့ အလက်ဇန်းဒါးခရစ် က ဆိုပါတယ်။ အပတ်စဉ် သောကြာနေ့ ည ၇ နာရီ မိနစ်၂၀ အချိန် နဲ့ တနင်္ဂနွေနေ့ ညနေ ၁ နာရီ အချိန်တွင် mntv ရုပ်သံလိုင်းနဲ့ Channel 9 ရုပ်သံလိုင်းတို့မှာ ပြသသွားမယ်လို့ သူက ဆိုပါတယ်။

Photo : Duwun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ