Local Celebrity: Share လိုက်တဲ့ သီချင်းတစ်ပုဒ်ကြောင့် ပြန်ဖြေရှင်းနေရတဲ့ အိုင်းရင်းဇင်မာမြင့်

သူမကိုယ်တိုင် ဆိုထားတဲ့ သီချင်း ဖြစ်ပါတယ်။

အိုင်းရင်းဇင်မာမြင့်ကတော့ သူမကိုယ်တိုင် ဆိုထားတဲ့ သီချင်းတစ်ပုဒ်ကို သူမရဲ့ ဖေ့စ်ဘွတ်မှာ ပြန် Share ခဲ့တာ ဖြစ်ပါတယ်။ သူမကတော့ သူမကိုယ်တိုင် ဆိုထားတဲ့ သီချင်းလေး ဖြစ်လို့ ပြန် share ခဲ့တာ ဖြစ်ပေမယ့် တချို့ပရိသတ်တွေရဲ့ ထင်ယောင်ထင်မှား ကောမန့်တွေကြောင့် အိုင်းရင်းကိုယ်တိုင် ကောမန့်မှာ ပြန်ဖြေရှင်းခဲ့ရပါသေးတယ်။

အိုင်းရင်း Share လိုက်တဲ့ သီချင်းကတော့ တေးရေး ကောင်းကောင်း ရေးပေးထားတဲ့ "စောင့်မျှော်လျက်ပါချစ်သူ"  ဆိုတဲ့ သီချင်းလေး ဖြစ်ပါတယ်။

play

 

အဲ့ဒီသီချင်းကြောင့်  ပရိသတ်တချို့က အိုင်းရင်းကို စောင့်နေဆဲပဲလားဆိုတဲ့ မေးခွန်းတွေ ကောမန့်မှာ ပြည့်ခဲ့ပါတယ်။ အဲ့ဒီ အမေးကိုလည်း အိုင်းရင်းက သူမတင်ထားတဲ့ သီချင်းအောက်က ကောမန့်မှာပဲ ယခုလို ပြန်ပြောခဲ့တာ ဖြစ်ပါတယ်။

"ကိုယ့်ကိုယ်ပိုင်သီချင်းမို့ Shareထားပါ စောင့်နေတုန်းလားမေးတဲ့လူအတွက် ကိုယ့်အိမ်ကအမှိုက်ထုပ် အမှိုက်ကားလာသယ်တာကို ပြန်များလာပို့မလားလို့ မျှော်တတ်လားလို့ တွေးပေးပါ ဖြေရတာများလာတော့လေ" ဆိုပြီး ပြောလိုက်ပါတယ်။

play

 

တချို့ပရိသတ်တွေကျတော့လည်း အိုင်းရင်းသီချင်းဆိုတာကို ကြိုက်ပေမယ့်လည်း ကောင်းကောင်းရေးပေးထားတဲ့ သီချင်းမို့လို့ နားမထောင်တော့ဘူးဆိုပြီးတော့လည်း ပြောထားတာတွေ ရှိပါတယ်။

အိုင်းရင်းဇင်မာမြင့်နဲ့ ကောင်းကောင်းဟာ (၈)နှစ်ကျော်ကြာ လက်တွဲခဲ့တဲ့ ချစ်သူတွေလည်း ဖြစ်ပါတယ်။ အခုတော့ ကောင်းကောင်းဟာ နီလာထူး(Mei Mei) နဲ့ လက်ထပ်သွားပြီ ဖြစ်ပါတယ်။ ကောင်းကောင်းရဲ့ မင်္ဂလာပွဲကိုလည်း ဇူလိုင်(၂၃)ရက်နေ့က အမေရိက နိုင်ငံ၊ နီဘရာစကာပြည်နယ်၊ အိုမဟာမြို့ ကရင်နှစ်ခြင်းရီဗာ ဘုရားကျောင်းတွင် လက်ထပ်ထိမ်းမြားခဲ့ကြတာ ဖြစ်ပါတယ်။

Postby

Photo : အိုင်းရင်းဇင်မာမြင့် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ