Local Celebrity: Single ဖြစ်သွားပြီလို့ ဖေ့စ်ဘွတ်မှာ ကြေညာလိုက်တဲ့ ဝါဆိုမိုးဦး

ကောင်လေးတွေ သဘောကျအောင် single ဖြစ်သွားပြီလို့ ကြော်ငြာတာမျိုး မဟုတ်ဘူးလို့ ဝါဆိုမိုးဦးက ပြောပါတယ်။

play


မင်းသမီး ဝါဆိုမိုးဦးက သူမ official single ဖြစ်သွားပြီလို့ ဖေ့စ်ဘွတ်မှာ ဒီနေ့ ညနေပိုင်းက ရေးသားခဲ့ပါတယ်။ ကောင်လေးတွေ သဘောကျအောင် single ဖြစ်သွားပြီလို့ ကြော်ငြာတာမျိုး မဟုတ်ဘဲ သူမနဲ့ လက်ရှိတွဲနေသူကို သူမဘက်က ပြတ်ပြီဆိုတဲ့အကြောင်း ကြေညာတာလို့ ဝါဆိုမိုးဦးက ဆိုပါတယ်။

play


ပရိသတ်တစ်ယောက်ရဲ့ comment ကိုတော့ သူက အရမ်းချုပ်ခြယ်နေပြီလို့ ဝါဆိုမိုးဦးက reply လုပ်ထားပါတယ်။ ဝါဆိုမိုးဦးဟာ လှပတဲ့ မျက်နှာ ကျော့ရှင်းတဲ့ ကိုယ်ခန္ဓာနဲ့ ဆွဲဆောင်မှုကောင်းတဲ့ မင်းသမီးအဖြစ် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူလည်း ဖြစ်ပါတယ်။


အခုရက်ပိုင်းအတွင်း ဝါဆိုမိုးဦးရဲ့ ဖေ့စ်ဘွတ်မှာ ပရိသတ်တွေကို ပြောကြားမှုအရ သူမဟာ တေးသီချင်းအယ်လ်ဘမ်အတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေကြောင်းလည်း သိရပါတယ်။

play


သူမရဲ့ တေးသီချင်းအယ်လ်ဘမ်ကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှာ ထွက်ရှိမယ်လို့လည်း ပရိသတ်တစ်ဦးရဲ့အမေးကို ဝါဆိုမိုးဦးက ဖေ့စ်ဘွတ်မှာ ဖြေကြားထားပါတယ်။
Source & Photo: ဝါဆိုမိုးဦး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ