Local Celebrity: ဇန်နဝါရီ(၁၁)ရက်နေ့မှာ ဖြန့်မယ့် မေခလာရဲ့ Skin Care

Skin Care သုံးမျိုး ထုတ်လုပ်ထားတယ်လို့ သိရပါတယ်။

play

 

အဆိုတော် မေခလာရဲ့ Skin Care တွေကိုတော့ ဇန်နဝါရီ (၁၁)ရက်နေ့မှာ ဖြန့်ချိတော့မယ်လို့ သိရပါတယ်။ ဂျပန်နိုင်ငံထုတ် Maykhalar Skin Care (MKL Jp) အလှကုန် ပစ္စည်းတွေကို တိုက်ရိုက်တင်သွင်းတာ ဖြစ်ပြီး မေခလာနာမည်နဲ့ ထုတ်လုပ်ထားတာလည်း ဖြစ်ပါတယ်။

play

 

“ချစ်ငယ်က ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလပိုင်းက ဂျပန်နိုင်ငံကို သွားပြီး ကိုယ်တိုင်လေ့လာပြီး ကိုယ်တိုင်လည်း သုံးစွဲခဲ့ပါတယ်။ဒါကြောင့်လည်း ချစ်ငယ်က Imported & Distributed ဖြင့် Ken Trading ကုမ္ပဏီလီမိတက်က ကပဲထုတ်တဲ့ ကိုယ်ပိုင်အလှကုန် ပစ္စည်းလေးကို ထုတ်ဖြစ်တာပါ။မြန်မာနိုင်ငံရဲ့ ရာသီဥတုနဲ့ လိုက်ဖက်နိုင် ပြီးတော့ သဘာဝ သစ်သီးသစ်ဖုတွေနဲ့ ထုတ်လုပ်ထားတာလည်း ဖြစ်ပါတယ်။အဲဒိအလှကုန် ပစ္စည်းတွေကတော့ မျက်နှာသစ်ဆေး၊ UV Cream၊ တိုနာရယ် ၃ မျိုးပါ”လို့ အဆိုတော် သရုပ်ဆောင် မေခလာက ပြောပြပါတယ်။

play

 

မေခလာရဲ့ အလှကုန်ပစ္စည်းကို Cleaning Foam ၊ Skin Toner နှင့်  Sun Block (၃)မျိုးထုတ်လုပ်ထားပြီး ဂျပန်နိုင်ငံ နှင့် မြန်မာနိုင်ငံ မှ အသိအမှတ်ပြု  FDA လက်မှတ်များ ရရှိထားတယ်လို့လည်း သိရပါတယ်။ Maykhalar Skin Care (MKL Jp) အလှကုန်ပစ္စည်း ၃မျိုး ကို ငွေ ကျပ်ရှစ်သောင်း ဖြင့် ရောင်းချသွားမှာ ဖြစ်ပြီး  လက်လီ လက်ကားအနေဖြင့် ၁၀ ရာခိုင်နှုန်း လျော့ပေးမယ်လို့ သိရပါတယ်။

Photo : မေခလာဖေ့စ်ဘွတ်

ပရိသတ်တွေ အားပေးကြမှာလား?»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ