AD
AD
AD
play

 

မကြာခင် ရက်ပိုင်းမှာ မဟာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်အချိန်အခါကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ နှစ်သစ်ကူး အတာသင်္ကြန်အတွက် အနုပညာရှင်တွေလည်း ရင်ခုန်စိတ်လှုပ်ရှားနေကြသလို သင်္ကြန်ဘယ်မှာ ရှိမလဲ ဘာလုပ်ရမလဲဆိုတဲ့ အစီအစဉ်တွေလည်း ဆွဲနေကြပါတယ်။ အဲ့လိုလည်း ပရိသတ်တွေလည်း ကိုယ်ချစ်တဲ့ အနုပညာရှင်တွေ ဘယ်မဏ္ဍပ်မှာ ရှိမလဲ ဘယ်ကိုသွားရမလဲဆိုတာတွေကို တွေးနေကြမှာပဲနော်။

play

 

အခုပြောပြမှာက ပရိသတ်တွေရဲ့ အချစ်တော် သားကြီးနဲ့ ဝါဆိုမိုးဦးတို့ရဲ့ သင်္ကြန်အစီအစဉ်လေးပါ။ အဆိုတော် သားကြီးနဲ့ ဝါဆိုမိုးဦးတို့က ဒီနှစ်သင်္ကြန်မှာ ၁၉လမ်းထိပ်က Sky Net မဏ္ဍပ်မှာ ရှိမယ်လို့ သိရပါတယ်။ သားကြီးက သူ့ရဲ့ ဖေ့စ်ဘွတ်ကနေ သူနဲ့အတူ သင်္ကြန်ရက်လေးရက်စလုံးကို သူနဲ့ လာကဲဖို့အတွက် ဖိတ်ခေါ်ထားပါတယ်။

"သင်္ကြန်မှာ အပြင်ထွက်လည်ကြမယ့်ပရိသတ်အပေါင်း ၁၉လမ်းထိပ် mntv , Channel9 မဏ္ဌာပ်မှာ ကျွန်တော် ၄ရက်လုံးရှိနေမှာဖြစ်ပြီး သီချင်းတွေဖျော်ဖြေပေးသွားမှာဖြစ်လို့ လာသောင်းကျန်းဖို့အားလုံးကိုဖိတ်ခေါ်အပ်ပါတယ်။ အိမ်တွင်းပုန်းမယ့် ပရိသတ်တွေကလည်း Free to air ဖြစ်တဲ့ mntv နဲ့ Channel9 တို့မှာ Live သီဆိုဖျော်ဖြေမှု့တွေကို အိမ်ကနေတဝကြီး ကြည့်ရှု့ခံစားနိုင်ကြပါကြောင်း သတင်းကောင်းပါးချင်ပါတယ်ခင်ဗျာ။" ဆိုပြီး ပြောထားပါတယ်။

play

 

သားကြီးလိုပဲ ဝါဆိုမိုးဦးက သူမရဲ့ ဖေ့စ်ဘွတ်မှာလည်း ယခုလို ပြောထားပါတယ်။

"နှစ်တိုင်း ၁၉လမ်းsky net မဏ္ဏပ်မှာသိဆိုဖျော်ဖြေခွင့်ရတာ ၄နှစ်ရှိသွားပြီ ဒီနှစ်နဲ့ပါဆို၅နှစ်တောင်ရှိသွားပြီ sky net ရဲ့မိသားစုဝင်တစ်ယောက်လိုတောင်ဖြစ်သွားပါပြီ နှစ်တိုင်းသိဆိုဖျော်ဖြေဖို့ ကမ်းလှမ်းတဲ့ ချစ်မ မမီး နဲ့ sky net ကအကိုအမတွေ အားလုံးကျေးဇူးတင်ပါတယ် / ဒီနှစ်”ရွှေသံလွင်mytell “၁၉လမ်းမဏ္ဌပ်ကအမာခံ ပရိတ်သတ်များနဲ့ ပျော်ပျော်ကြီး သင်္ကြန်ကိုဖြတ်သန်းမယ်နော် "ဆိုပြီး ရေးသားထားပါတယ်။

play

 

သူတို့ရဲ့ ပရိသတ်တွေလည်း သူတို့နှစ်ယောက်ရှိတဲ့ မဏ္ဍပ်မှာ သင်္ကြန်လေးရက်စလုံးတစ်ဝကြီး သွားကဲလို့ ရပြီနော်။ နောက်ထပ် လည်းဘယ်အနုပညာရှင်တွေလည်း ဘယ်မဏ္ဍပ်မှာ ရှိနေမလဲဆိုတာတွေကို Duwun Media ကနေ ဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

Photo : သားကြီး၊ ဝါဆိုမိုးဦး FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD