ဒီနေ့(ဒီဇင်ဘာ၃၁ရက်)ကတော့ လူငယ်အဆိုတော် G Fatt ရဲ့ မွေးနေ့ဖြစ်ပါတယ်။ သူ့ရဲ့ မွေးနေ့မှာ ပရိသတ်တွေအတွက် ပြန်ပြီး Surprise တစ်ခု လုပ်ပေးလိုက်ပါတယ်။

အဲ့ဒါကတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာ လွန်ခဲ့တဲ့ မိနစ်ပိုင်းလောက်က သီချင်းသစ်တစ်ပုဒ်ကို တင်လိုက်တာ ဖြစ်ပါတယ်။ အဲ့ဒီသီချင်းက 120/B အခွေထဲက သီချင်းအသစ်တစ်ပုဒ်ဖြစ်တယ်လို့ သူက ဆိုထားပါတယ်။

play

 

သီချင်းဗီဒီယိုဖိုင်းလေးကို တင်ရင်းယခုလို စာသားလေးလည်း ရေးသားထားပါတယ်။

"ကျွန်တော့်မွေးနေ့မှာ ပရိတ်သတ်တွေကို လုပ်ပြချင်တဲ့ Suprise က တော့ ဒီသီချင်းပါပဲခင်ဗျာ .. 120/B အခွေထဲက သီချင်းအသစ်တစ်ပုဒ်ကိုတင်ပေးလိုက်ပါတယ်... ကျွန်တော်နဲ့ရင်ဘတ်ခြင်းနီးလို့ကြိုက်နှစ်သက်ရင် တစ်ခြားပရိတ်သတ်တွေဆီလဲ Share ပေးကြပါလို့တောင်းဆိုပါတယ်။ "ဆိုပြီး ရေးသားထားတာပါ။

Postby

 

ပရိသတ်တွေအတွက် အဲ့ဒီသီချင်းလေးကို ပြန်လည်တင်ပေးလိုက်တယ်နော်။ပရိသတ်တွေကို လက်ဆောင်ပေးလိုက်တဲ့ G Fatt ရဲ့ သီချင်းထဲမှာ ဂီတကို ဘယ်တုန်းကတည်းက ဝါသနာပါတဲ့အကြောင်း သူဘယ်လိုတွေ ကြိုးစားခဲ့ရတယ်ဆိုတဲ့အကြောင်းတွေကို ထိုးနှက်မှုတွေထဲက အခုလိုအောင်မြင်လာတဲ့အကြောင်းတွေကို ရေးသားထားတဲ့ စာသားလေးတွေ ပါဝင်ပါတယ်။

play

 

G Fatt က ဒီနေ့မှာ ကျရောက်တဲ့ သူ့ရဲ့ မွေးနေ့ကို ပရိသတ်များနဲ့ ဖြတ်သန်းလျက်ရှိတယ်လို့ သိရပါတယ်။

Photo :  G Fatt FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video