Local Celebrity: ပရိသတ်တွေရဲ့ Surprise ကြောင့် ပျော်နေတဲ့ စန္ဒီမြင့်လွင်

ဒီနေ့ဟာ အဆိုတော် စန္ဒီမြင့်လွင်ရဲ့ မွေးနေ့ဖြစ်ပါတယ်။

play

 

သြဂုတ်လ(၁၂) နေ့ ဒီနေ့ဟာ အဆိုတော် စန္ဒီမြင့်လွင်ရဲ့ မွေးနေ့ ဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့ကို ည(၁၂)နာရီတိတိအချိန်မှာ သူမရဲ့ ပရိသတ်တွေက မွေးနေ့ Surprise လာလုပ်ပေးတာကြောင့် ပျော်နေတယ်လို့ ဆိုပါတယ်။

play

 

ပရိသတ်တွေနဲ့ မွေးနေ့ကို ပျော်ရွှင်စွာ ကျင်းပခဲ့ပြီး ဒီနေ့ ညနေပိုင်းမှာတော့ ဘုရားတွင် စတုဒီသာများ ကျွေးမွေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

play

သူမကို ချစ်တဲ့ သူမရဲ့ ပရိသတ်တွေက ပိုက်ဆံများစုကာ စန္ဒီမြင့်လွင်ရဲ့ မွေးနေ့ အလှူအဖြစ် ဝေဠုကျော် ဖောင်ဒေးရှင်းသို့ ငွေကျပ်သုံးသိန်းတိတိ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

Photo : စန္ဒီမြင့်လွင်ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ