play

 

အောက်တိုဘာ(၅)ရက်နေ့မှာ ကျရောက်တဲ့ သရုပ်ဆောင် နန်းဆုဦးရဲ့ မွေးနေ့ မှာ သူမရဲ့ အမေနဲ့ ပရိသတ် တွေနဲ့ ပေါင်းကာ မွေးနေ့ Surprise လေး ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။ ရှုတင်ကအပြန် မိခင်ဖြစ်သူနဲ့ အတူ  မုန့်ဝင်စားတဲ့ Signature Restaurant မှာ ပရိသတ်တွေက မွေးနေ့ပွဲလေးကို ဖန်တီး ပေးထား တာကြောင့် အရမ်းကိုလည်း အံ့သြခဲ့ရသလို အရမ်းလည်း ပျော်ရွှင်ခဲ့ရတယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးထားပါတယ်။

play

 

မွေးနေ့မှာ ရိုက်ကူးရေးတွေနဲ့ မအားတဲ့ သူမက မွေးနေ့ အလှူကို အောက်တိုဘာ(၆)ရက်နေ့ ဒီနေ့မှ လုပ်မယ် လို့ စိတ်ကူးထားတယ်လို့ သိရပါတယ်။ ဒီနေ့မှာတော့ သူမရဲ့ မွေးနေ့အလှူအဖြစ် ပဲခူးမှာရှိတဲ့ ပန်းပျိုးလက်မှာ ပရိသတ်တွေနဲ့အတူ မွေးနေ့အလှူသွားလုပ်တယ်လို့ သိရပါတယ်။

Photo : နန်းဆုဦး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video