play

 

သရုပ်ဆောင်အဆိုတော် ရဲလေးကတော့ သူ့ဆီရောက်လာတဲ့ Surprise တစ်ခုကြောင့် ပျော်ခဲ့ရတယ်လို့ ဆိုပါတယ်။ အောက်တိုဘာ(၉)ရက်နေ့က ရဲလေးရဲ့ ပရိသတ်တွေက အမှတ်မထင် Surprise လုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

play

 

အဲဒီပွဲလေးကတော့ ရဲလေးရဲ့ တစ်ကိုယ်တော်အခွေမထွက်မီ အကြို ဂုဏ်ပြုတဲ့ ပွဲလေး ဖြစ်တာကြောင့် ရဲလေးတစ်ယောက် အရမ်းကို ပျော်ခဲ့ရတယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

play

 

ရဲလေးရဲ့ ရှစ်ခွေမြောက် တစ်ကိုယ်တော်အယ်လ်ဘမ် ထွက်ရှိမယ့် နိုဝင်ဘာ(၁၃)ရက်နေ့မှာလည်း လှည်းတန်း စင်တာမှာ ပရိသတ်တွေ အားလုံးနဲ့ ထပ်ပြီး ဆုံကြမယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

Photo : ရဲလေး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video