လွန်ခဲ့တဲ့ နာရီပိုင်းလောက်က သူမရဲ့ ဖေ့စ်ဘွတ်မှာ သူမရဲ့ ခံစားချက်လေးကို ရေးသားခဲ့တာ ဖြစ်ပါတယ်။

နိုဝင်ဘာ(၂)ရက်နေ့က ကျရောက်ခဲ့တဲ့ သူမရဲ့ မွေးနေ့လေးမှာ ချစ်သူရဲ့ surprise ကြောင့် အပျော်ကြီး ပျော်ခဲ့ရတယ်လို့ သိရပါတယ်။

play

 

သူမအတွက် အဲ့နေ့က ဖြစ်စဉ်လေးဟာ နှစ်(၃၀)အတွင်း ပထမဆုံး ရင်ခုန်ကြည်နူးမှုလေးဖြစ်တယ်ဆိုပြီးတော့လည်း ပြောထားပါသေးတယ်။

"1 Nov 11:45pm ကနေစပီး ဖုံးတွေပိတ်ခိုင်းတယ်၊ 369bar မှာ 2ယောက်ထဲ 2ရက်နေ့ရောက်မဲ့ ချိန်လေးကို မျှော်ရင်း(RO ကြတယ်ပေါ့)၊ အိမ်ကတောင် သူ့ဆီဖုံးဆက် wish လုပ်တယ်၊ 12:05am မှာဖုံးပြန်ပေးဖွင့်တယ်၊ 12:45am မှာ အိမ်ပြန်ပို့တယ်၊ လမ်းမှာ ဖုံး1call လာတယ် မန္တလေးက သူငယ်ချင်းတစ်ယောက် ရောက်နေတယ်ဆိုလို့ ခဏသွားတွေ့မယ် ပြီးရင် သီချင်းလေးတွေ သွားဆိုကြမယ်ပေါ့၊

ဒါမဲ့ ဖြစ်စဉ်က အဲ့လောက်မရိုးရှင်းဘူး၊ အနှစ်၃၀အတွင်း ပထမဆုံး ရင်ခုန်ကြည်နူးမှုလေးပါ။ ကျွန်မ မသိအောင် ကြိုတင်ဖန်တီးထားတဲ့ ကျွန်မကြိုက်သော အရောင်များနဲ့ လေမှာလွင့်နေတဲ့ မိုးပျံဗူဖောင်းလေးတွေရယ် Happy birthday စာတန်းလေးတွေရယ် မွေးနေ့ရှင်ကျွန်မ ရဲ့ Jenny ဆိုတဲ့ စာလုံးလေးရယ် Happy birthday My Love ဆိုတဲ့ စလုံးလေးတွေပါတဲ့ ကိတ်လေးတလုံးရယ်

play

 

အဖြူရောင်ပန်းစည်းလေးတခုရယ် ကျမရဲ့ Happy birthday song လေးကိုဖွင့်လို့ ထင်မထားတဲ့ သူငယ်ချင်းတချို့နဲ့ ချစ်စရာကောင်းနေတဲ့ မွေးနေ့ခန်းမလေးတခုကို အံ့သြစွာ ကျွန်မ ရောက်သွားခဲ့တယ်၊   ကျွန်မ စိတ်ထဲ ဘာပြောရမှန်းမသိ ဘာဖြစ်သွားမှန်းလဲမသိ (  ဘယ်တုန်းကမှ မခံစားဖူးဘူး၊ သူများတွေအတွက် ပျော်ရွှင်အောင် ကျွန်မ အမြဲလိုလို လုပ်ပေးခဲ့ဖူးတဲ့ အရာတွေပါ ခုတော့ ကျွန်မ ကိုယ်တိုင် ကြုံလိုက်တော့ မျက်ရည်လေးတောင်ကျမိတယ်)  ကျိတ်ပီးကျေနပ်သွားမိတယ် ရှက်ပြုံးလေးနဲ့ သူ့ကို ကြည့်ပီး <  ဒီလိုလဲ ကဗျာဆန်တတ်တယ်လား> စိတ်ထဲက ကြည်နူးရင်း" ဆိုတဲ့ စာအရှည်ကြီးကို ရေးထားတာ ဖြစ်ပါတယ်။

play

 

ပရိသတ်တွေကတော့ သူမပျော်နေတယ်ဆိုရင်ပဲ အားလုံး လိုက်ပျော်ပေးကြတာကိုလည်း တွေ့ရပါတယ်။ ဂျင်းနီကတော့ အသက်(၃၀)ပြည့်သွားပြီဖြစ်ပါတယ်။

ငယ်ငယ်လေးကတည်းက အနုပညာမှာ ထူးချွန်တဲ့ ဟန်နွေငြိမ်း(ခ) ဂျင်းနီက ဆုတံဆိပ်များစွာကို ပိုင်ဆိုင်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

play

 

ဂျင်းနီဟာ ဂီတလောကထဲမှာ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားသူ တစ်ဦးဖြစ်ပါတယ်။

Postby

 

Photo : ဂျင်းနီ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video