အဆောက်အအုံတစ်ခုအောက်မှာ ထိုင်နေတဲ့ ဖိုးသောကြာဟာ သူ့နားကို သမီးလေး ရွှေသု ရုတ်တရက်လမ်းလျှောက်ပြီး ရောက်လာတာကို အံ့သြသွားခဲ့ပါတယ်။

play

 

ဘယ်လိုမှ မျှော်လင့်မထားတဲ့အတွက် ဖိုးသောကြာတစ်ယောက် အရမ်းကို ပျော်ရွှင်နေပြီး ရွှေသုလေးကလည်း အဖေ့ကို အံ့သြဝမ်းသာအောင်လုပ်ပြီး ပျော်ရွှင်နေပါတယ်။

"ဘယ်လိုလုပ်ရောက်လာတာလဲ" လို့ ဖိုးသောကြာက သူ့ရဲ့ဇနီးကို တအံ့တသြနဲ့ အကြိမ်ကြိမ် မေးလို့နေပါတယ်။

သူတို့မိသားစုလေးကြည့်ရတာ တကယ့်ကို ကြည်နူးစရာကောင်းပါတယ်။

ရွှေသုလေးက နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ဖေဖေ ဖိုးသောကြာဆီကို အရောက်သွားခဲ့တာ ဖြစ်ပါတယ်။

Postby

 

ဖေဖေ့ဆီကို လိုက်ပို့ပေးပါလို့ သမီးလေးက သူ့အမေကို ပူဆာနေကြောင်း ဖိုးသောကြာက နိုဝင်ဘာလ ၁၉ ရက်နေ့

ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါသေးတယ်။

အဲဒီတုန်းက ဖိုးသောကြာက "ဖေဖေ လာခေါ်ပါ့မယ် သမီးရယ်" လို့သာ ပြောထားပြီး

အခုလိုလိုက်လာမယ်လို့ တွေးထင်ထားပုံမရပါဘူး။

ဖိုးသောကြာဟာ ကြမ္မာနွံဇာတ်လမ်းတွဲ ရိုက်ကူးဖို့ နိုဝင်ဘာလဆန်းကတည်းက မိသားစုနဲ့ခွဲပြီး ပြင်ဦးလွင်ကို ရောက်နေတာဖြစ်ပါတယ်။

play

 

တချိန်က သျှမ်းသျှမ်းတောက်နာမည်ကြီးခဲ့တဲ့ ဒါရိုက်တာကြီး ဦးသာဓုရဲ့မြေး၊  အဆိုတော် သရုပ်ဆောင် ဦးသုမောင်ရဲ့သားဖြစ်တဲ့ အဆိုတော် သရုပ်ဆောင် ဖိုးသောကြာဟာ မလှိုင်ရတနာဆုနဲ့ ၂၀၁၄ ခုနှစ် မေလ ၁ ရက်နေ့က လက်ဆက်ခဲ့ကြပါတယ်။

သမီးလေး ရွှေသုကိုတော့ ၂၀၁၅ ခုနှစ် အောက်တိုဘာလထဲမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။

Photos : ဖိုးသောကြာဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video