သရုပ်ဆောင် စိုးပြည့်သဇင်ကတော့ မိခင်ဖြစ်သူရဲ့ မွေးနေ့မှာ Surprise လေး လုပ်ပေးခဲ့ပါတယ်။ မိခင်ရဲ့ မွေးနေ့မှာ မိခင်ဖြစ်သူ မသိအောင် Surprise Box လေးတစ်ခုသယ်လာပြီးတော့ အံ့သြအောင် လုပ်ပေးခဲ့တာဖြစ်ပါတယ်။

သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း မွေးနေ့ Surprise လုပ်ပေးထားတဲ့ ဗီဒီယိုလေးကို တင်ထားပါသေးတယ်။

Postby

 

အဲ့ဒီဗီဒီယိုလေးတွေ ကြည့်ပြီးတော့ ပရိသတ်တွေကတော့ သူမကို ချီးကျုးထားပါသေးတယ်။

စိုးပြည့်ကတော့ လက်ရှိမှာ စာမေးပွဲ ပြီးသွားတဲ့အတွက် အိမ်မှာအနားယူနေတယ်လို့ သိရပါတယ်။ စာမေးပွဲမှာလည်း ဘာသားအားလုံး ဖြေနိုင်တဲ့အတွက်သူမကတော့ ပျော်လို့နေပါတယ်။

play

 

နိုဝင်ဘာ(၂၀)ရက်နေ့ကစပြီး အဝေးသင်တတိယနှစ် မြန်မာစာစာမေးပွဲကို ဖြေဆိုနေတဲ့ သူမက နိုဝင်ဘာ(၂၉)ရက်မှာ စာမေးပွဲပြီး သွားတာဖြစ်လို့ ပျော်လည်း ပျော်သလို စိတ်ထဲမှာလည်း ဟာသွားသလို ခံစားရတယ်ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ နိုဝင်ဘာ(၂၉)ရက်နေ့က ရေးသားထားပါတယ်။

"ဒီနေ့စာမေးပွဲပြီးသွားပြီ ဘာသာအားလုံးဖြေနိုင်ပါတယ်လို့ တနေ့မှသုံးနာရီဘဲ အိပ်ခဲ့ရတဲ့ ရက်တွေလွတ်ပြီ ပျော်လည်းပျော်တယ်....ဖြေပြီးတော့လည်း စိတ်ထဲဟာသွားသလိုဘဲ" ဆိုပြီး ပြောထားပါတယ်။

play

 

စိုးပြည့်သဇင်ကတော့ လက်ရှိမှာ ပရိသတ်တော့ အားပေးမှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။

၁၉၉၂ခုနှစ် စက်တင်ဘာ (၂၂)ရက်နေ့မှာ မွေးဖွားခဲ့တဲ့ သူမဟာ အခုဆိုရင် အသက်(၂၅)နှစ်ပြည့်ပြီ ဖြစ်ပါတယ်။သူမဟာ အသက်(၁၈)နှစ်နဲ့ အကယ်ဒမီဆုကို ရရှိခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

play

 

သူအကယ်ဒမီ ရရှိခဲ့တဲ့ ဇာတ်ကားကတော့ "မိုးညအိမ်မက်မြူ" ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။

စိုးပြည့်သဇင်ကတော့ သရုပ်ဆောင်ပိုင်းမှာသာမက အဆိုပိုင်းမှာလည်း ပရိသတ်အားပေးမှု ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။ သီချင်းပိုင်းနဲ့ ပတ်သက်ပြီး ချစ်သူရွေးမယ် တေးစီးရီးနဲ့ အချစ်ကို ရှာဖွေတွေ့ရှိခြင်း ဆိုတဲ့ တေးစီးရီး ကို ထွက်ရှိထားပါတယ်။

Photo : စိုးပြည့်သဇင်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video