ဒီနေ့ (ဒီဇင်ဘာ၅ရက်)ကတော့ အဆိုတော် ရန်ရန်ချမ်းရဲ့ မွေးနေ့ ဖြစ်ပါတယ်။ သူ့ရဲ့ မွေးနေ့မှာ သူငယ်ချင်းတွေက မွေးနေ့ Surprise လာလုပ်တာကြောင့် ရန်ရန်ချမ်း တစ်ယောက်ပျော်လို့နေပါတယ်။

"ကျေးဇူးပါ ချစ်သူငယ်ချင်းတို့ ( ညကြီးမင်းကြီးအငိုတွေအယိုတွေလုပ်ပြီးခေါ်တော့ ပြသာနာတွေ ရှင်းရပြီမှတ်ပြီး ဆင်းချလာတာ) ပြီးမှ ကိုယ့်မွေးနေ့လာလုပ်ပေးကြတာ    ချစ်တယ် အားလုံး" ဆိုပြီး ပြောထားပါတယ်။

play

ရန်ရန်ချမ်းဟာ ဒီဇင်ဘာ(၅)ရက်နေ့ ၁၉၇၉ ခုနှစ်က မွေးနေ့ခဲ့တာ ဖြစ်ပြီး ယခုဆိုရင် အသက်(၃၈)နှစ်ပြည့်သွားပြီ ဖြစ်ပါတယ်။သူ့ရဲ့ မွေးနေ့အတွက် ကိုလည်း ပရိသတ်တွေ ၊ သူငယ်ချင်း၊ မိတ်ဆွေတွေက မွေးနေ့ဆုတောင်း တောင်းပေးထားကြပါသေးတယ်။

ရန်ရန်ချမ်းဟာ တစ်ခေတ်တစ်ခါက အောင်မြင်ခဲ့တဲ့ နာမည်ကြီး ACID အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်ပါတယ်။

play

 

တစ်ချိန်က “အနဂ္ဂ တစ်ခုသာဖြစ် ငါတို့ရမှာက အပြစ် အားလုံးစုစည်းနေရင် ဘာမှမဖြစ်” စတဲ့စာသားတွေက လူငယ်တွေကြားထဲမှာ တအား ရေပန်းစားခဲ့တဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

ACID အဖွဲ့ဟာ ၁၉၉၉ ခုနှစ်က "စတင်ခြင်း" အခွေကို ထွက်ရှိခဲ့တာ ဖြစ်ပြီး သီချင်း (၁၂)ပုဒ်ပါဝင်ခဲ့ပါတယ်။ အဲ့ဒီအခွေနဲ့ စတင်အောင်မြင်ခဲ့ ရာကလူငယ်တွေကြားမှာ ရေပန်းစားခဲ့ပါတယ်။

play

 

သူတို့ကိုယ်သူတို့ Acidic acid (ဟိန်းဇော်), Black acid (ရန်ရန်ချမ်း), Smoke acid (အနဂ္ဂ), Nitric acid (ဇေယျာသော်) ဆိုပြီး နာမည်တွေ ပေးခဲ့ကြတာကလည်း စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါသေးတယ်။ Acid အဖွဲ့ဟာ အဖွဲ့ဝင်လေးယောက်နဲ့ စတင်ခဲ့တာဖြစ်ပေမယ့် ဟိန်းဇော်ကတော့ ကွယ်လွန်သွားခဲ့ပါပြီ။

အခုဆိုရင် ACID အဖွဲ့ဟာ အဖွဲ့ဝင်သုံးယောက်နဲ့ ပရိသတ်တွေအတွက် အသစ်အသစ်တွေ ခံစားနိုင်ဖို့ ကြိုးစားလျက်ရှိတယ်လို့လည်း ရန်ရန်ချမ်း က အင်တာဗျူးတချို့မှာ ဖြေဆိုပေးခဲ့ပါသေးတယ်။ ယခုချိန်ထိ ACID အဖွဲ့ကို အားပေးလို့ ကျေးဇူးတင်တယ်လို့လည်း ပြောပြခဲ့ပါတယ်။

Photo : ရန်ရန်ချမ်း FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video