ဒီနေ့(ဒီဇင်ဘာ၃၀ရက်)မှာ ကျရောက်တဲ့ မင်းသမီးကြီး ဝါဝါဝင်းရွှေရဲ့ မွေးနေ့ဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့လေးကို အနုပညာရှင်များက စုပေါင်းကာ မွေးနေ့ Surprise လေးပြုလုပ်ခဲ့ပါတယ်။

ဒီနေ့မှာတော့ သူမရဲ့ ထုတ်လုပ်ရေးက စီစဉ်ရိုက်ကူးထုတ်လုပ်တဲ့  "လရောင်ဖြာတဲ့အင်းလေးမှာ" ရုပ်ရှင်ဇာတ်ကားကို သမ္မတရုပ်ရှင်ရုံမှာ အထူးပွဲ ပြသခဲ့တာ ဖြစ်ပါတယ်။

play

အထူးပွဲ ပြသပြီးချိန်မှာ အဲ့ဒီရုပ်ရှင်ဇာတ်ကားမှာ ပါဝင်တဲ့ အနုပညာရှင်များက သူမအတွက် မွေးနေ့Surprise ကို ပြုလုပ်ပေးခဲ့တာပါ။ မွေးနေ့ပွဲလေးကို သရုပ်ဆောင် နေတိုး၊ ဝါဇင်၊ ဝတ်မှုံရွှေရည်တို့အပြင် အခြားအနုပညာရှင်တွေလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ပျော်ရွှင်စရာကောင်းတဲ့ မွေးနေ့ Surprise ပုံရိပ်လေးများကိုလည်း ပရိသတ်များအတွက်ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။

play

 

မင်းသမီးကြီး ဝါဝါဝင်းရွှေရဲ့  ဝါဝါဝင်းရွှေထုတ်လုပ်ရေးက စီစဉ်ရိုက်ကူးထားတဲ့  လရောင်ဖြာတဲ့အင်းလေးမှာဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို မကြာခင်ရုံတင်ပြသတော့မယ်လို့ သိရပါတယ်။

အဲ့ဒီဇာတ်ကားထဲမှာ အဓိက သရုပ်ဆောင်များအဖြစ်  နေတိုး၊ ဝါဇင်နှင့် ဝတ်မှုံရွှေရည်တို့ဟာ အဓိက ဇာတ်ဆောင်များဖြစ်ကြပြီး မင်းခိုက်စိုးစံ၊ ထက်မြက်၊ နိုင်ဇင်တို့က ဇာတ်လမ်းရေးသား၍ ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်နှင့် တွဲဖက်ဒါရိုက်တာ ဝင်းထွဋ်ဝင်းတို့က ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

play

 

အဆိုပါ ရုပ်ရှင်ကားကြီး ရိုက်ကူးရေးတွင် သရုပ်ဆောင် ဝါဝါဝင်းရွှေက အနုပညာ အကြံပေးအဖြစ် ပါဝင်မည်ဖြစ်ကာ နေတိုး (၂) ကိုယ်ခွဲ ၊ ဝတ်မှုံရွှေရည်နဲ့ ဝါဇင်တို့သည် မောင် နှမနှစ်ယောက် အဖြစ် သရုပ်ဆောင်သွားမှာဖြစ်ပြီး ၅၂၈ သွယ်မေတ္တာနှင့် ၁၅၀၀ မေတ္တာ ၊ ကြည်နူးစရာ၊ ထိတ်လန့်စရာများ ပါဝင်ပြီး ဒရာမာနဲ့ ဇာတ်သိမ်းထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video