Local Celebrity: ဒီဇင်ဘာ(၉)ရက်နေ့ Sweet Child ဆိုင်ဖွင့်တော့မယ့် သက်မွန်မြင့်

ကလေးပစ္စည်းအရောင်းဆိုင်ဖွင့်မယ့် အစီအစဉ်ကို အကောင်အထည်ဖော်လိုက်ပါပြီ။

play

 

ဒုတိယရင်သွေးလေးကို လွယ်ထားရတဲ့ သရုပ်ဆောင်သက်မွန်မြင့်ကတော့ ကလေးပစ္စည်းအရောင်းဆိုင် ဖွင့်မယ့် အစီအစဉ်ကို အကောင်အထည်ဖော်လိုက်ပြီ ဖြစ်ပါတယ်။ Sweet Child ဆိုတဲ့ နာမည်နဲ့ ဖွင့်လှစ်သွားမှာ ဖြစ်ပြီး ဒီဇင်ဘာ(၂)ရက်နေ့က ဆိုင်အတွက် ပရိတ်ရွတ်ပွဲလေး လုပ်ခဲ့တယ်လို့ သိရပါတယ်။

play

 

ဆိုင်ဖွင့်ပွဲကိုလည်း လာမယ့် ဒီဇင်ဘာ(၉)ရက်နေ့မှာ ပြုလုပ်မှာ ဖြစ်ပြီး ဒီဇင်ဘာ(၉)ရက်၊ (၁၀)၊ (၁၁)ရက် သုံးရက် တိုင်တိုင် ပွဲလေးတွေ ရှိမယ်လို့ Sweet Child ဖေ့စ်ဘွတ်အကောင့်ကနေ ကြေညာထားပါတယ်။ အဲဒီဆိုင်မှာ ကလေးအဝတ် အစားတွေကို ကိုယ်ပိုင် Brand အနေနဲ့ ထုတ်လုပ်မှာ ဖြစ်ပြီး USA ကနေ ဒီဇိုင်းထုတ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

play

 

ပရိသတ်တွေအားလုံးလည်း သူမရဲ့ ဆိုင်ကို လာရောက်အားပေးကြပါဦးလို့ ဖေ့စ်ဘွတ်ကနေတစ်ဆင့် ဖိတ်ခေါ်ထား ပါတယ်။

Photo : သက်မွန်မြင့် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ