Local Celebrity: The Best National Costume ဆုကို ပိုင်ဆိုင်နိုင်ခဲ့တဲ့ ရွှေအိမ်စည်

Miss Universe Myanmar 2017 National Costume ပြိုင်ပွဲမှာ ရရှိခဲ့တာ ဖြစ်ပါတယ်။

play

 

စက်တင်ဘာ (၂၉)ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ Miss Universe Myanmar 2017 ပြိုင်ပွဲရဲ့ အမျိုးသား ဝတ်စုံပြိုင်ပွဲ နဲ့ National Gifts လေလံတင် ရောင်းချပွဲအခမ်းအနားမှာ Miss Universe Mayanmar 2017 ပြိုင်ပွဲဝင် ရွှေအိမ်စည်ကတော့ The Best National Costume ဆုကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

play

 

ဒီဇိုင်နာ ဖြိုးပြည့်ဖန်တီပေးထားတဲ့ ပုဂံခေတ်က ရွှေအိမ်စည်မင်းသမီးရဲ့ ဝတ်စုံနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် ရွှေအိမ်စည်က ပရိသတ် အားပေးမှုကိုလည်း ရရှိခဲ့ပါတယ်။ အဲ့ဒီပြိုင်ပွဲမှာ The Best National Costume ကို ရွှေအိမ်စည်၊ 1st Runner up ဆုကို ပြည့်ဝတီမောင်နဲ့ 2nd Runner up ဆုကို ရွှန်းယမုံတို့ ရရှိခဲ့ကြပါတယ်။

play

 

အလှမယ် ၂၆ ယောက်ရဲ့ လက်ဆောင်တွေကို လေလံတင်ရောင်းချလို့ ရတဲ့ငွေတွေကို ကျန်းမာရေးနဲ့ အားကစား ဦးစီးဌာနကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

Photo : ရွှေအိမ်စည် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ