play

ဥရောပသမဂ္ဂအဖွဲ့ (European Union)နဲ့ နှင်းဆီရင်ခွင်တို့ပူးပေါင်းကာ ရိုက်ကူးထားတဲ့ The Team Myanmar ရုပ်သံဇာတ်လမ်းတွဲကို ဇူလိုင်(၂၅)ရက်နေ့မှ စတင်ကာ MNTV ရုပ်သံလိုင်းမှ ညနေ(၆)နာရီခွဲတွင် ထုတ်လွှင့်ပြသသွားမှာ ဖြစ်တယ်လို့သိရပါတယ်။

play

အဲ့ဒီဇာတ်လမ်းတွဲကို ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)မှ ရိုက်ကူးထားတာဖြစ်ပြီး ဘောလုံးကို နှစ်သက်မြတ်နိုးသော လူငယ်များအတွက် စိတ်လှုပ်ရှားပျော်ရွှင်ဖွယ်ကောင်းသော ဇာတ်လမ်းဖြစ်သလို တိုင်းရင်းသားလူမျိုးပေါင်းစုံ ဝါသနာရှင် သရုပ်ဆောင်များစွာ ပါဝင်ထားတဲ့ ဇာတ်လမ်းတွဲ တစ်ခုလည်း ဖြစ်ပါတယ်။

play

 

အဲ့ဒီဇာတ်လမ်းတွဲမှာတော့ သရုပ်ဆောင်  ဝေဠုကျော်က အဓိက သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပါဝင်ထားတယ်လို့လည်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video