Local Celebrity: The X Factor Myanmar မှာ ဒိုင်တစ်ဦးအဖြစ် ပါဝင်နေတဲ့ အိမ့်ချစ်

ဒီပွဲက ကိုယ်နဲ့သင့်တော်မယ်ထင်လို့ ဒိုင်လုပ်ခဲ့တာလို့ ဆိုပါတယ်။

play

 

The X Factor ရဲ့ ပရိသတ်တစ်ယောက်ဖြစ်တဲ့ အိမ့်ချစ်က မြန်မာနိုင်ငံမှာ ကျင်းပနေတဲ့ The X Factor Myanmar မှာ ဒိုင်တစ်ယောက်အဖြစ် ပါဝင်နေပါတယ်။

ဘယ်ပြိုင်ပွဲမှာမှ ဒိုင်အဖြစ်မတွေ့ရတဲ့သူမကို ဒီပြိုင်ပွဲမှာ တွေ့မြင်ရတာကလည်း သူအားပေးခဲ့တဲ့ ပြိုင်ပွဲ တစ်ခု ဖြစ်သလို ဒီပြိုင်ပွဲမှာ ဒိုင်တွေက လူကြီးလူငယ်မျှအောင် ပါဝင်ရတာ ဖြစ်ပြီး သူမကို ကမ်းလှမ်းချိန်မှာလည်း သူမနဲ့ သင့်တော်မယ်ထင်လို့ လက်ခံဖြစ်သလို ကိုယ်တိုင်လည်း ကြိုးစားနေဆဲ သူတစ်ယောက်ဖြစ်ပြီး တခြားလူငယ် အဆိုတော်တွေ အများကြီး ပေါ်ထွက်စေချင်တဲ့ စိတ်နဲ့ ပါဝင်ဖြစ်တယ်လို့ သိရပါတယ်။

play

 

အကဲဖြတ်ဒိုင်တစ်ယောက်အနေနဲ့ ကိုယ့်ဆုံးဖြတ်ချက် မမှားအောင်တော့ ဂရုစိုက်ရတယ်လို့ ပေါ်ပြူလာ ဂျာနယ်မှာ ဖြေပေးထားပါတယ်။ The X Factor Myanmar ပြိုင်ပွဲရဲ့ အကဲဖြတ်ဒိုင်တွေအနေနဲ့လည်း နိုင်ငံတကာက ပြိုင်ပွဲပုံစံ စည်းမျဉ်းတွေ အတိုင်းပဲ ဆောင်ရွက်ပြီး Workshop တွေလည်း ပြုလုပ်ရတယ်လို့ သိရပါတယ်။

Source : Popular News

Photo   : အိမ့်ချစ် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ