Local Celebrity: Travelling to China အစီအစဉ်အတွက် တရုတ်နိုင်ငံရောက်နေတဲ့ ခင်လေးနွယ်

တရုတ်နိုင်ငံ ရှန်ဟိုင်းသို့ ရောက်ရှိနေပါတယ်။

play

 

ခင်လေးနွယ်ကတော့ Myanmar Media 7 က ရိုက်ကူးတင်ဆက်မယ့် Travelling to China အစီအစဉ်မှာ ပါဝင်ထား တယ်လို့ သိရပါတယ်။ ယခုလက်ရှိလည်း အဲဒီအစီအစဉ်အတွက် ရိုက်ကူးရေးလုပ်ဖို့ တရုတ်နိုင်ငံကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ Travelling to China အစီအစဉ်မှာ သူမနဲ့အတူ မင်းသွေး၊ အလင်းရောင်၊ ခင်ဝင့်ဝါ၊ ဝိုင်းလေးတို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

play

 

ယခုနောက်ပိုင်းမှာ အနုပညာလှုပ်ရှားမှုတွေ သိပ်မတွေ့ရတဲ့ ခင်လေးနွယ်ကတော့ စီးပွားရေးလုပ်ငန်းတွေဘက်ကို ဦးစားပေး လုပ်ဖြစ်နေတယ်လို့ သိရပါတယ်။ စီးပွားရေးလုပ်ငန်းတွေ လုပ်နေတဲ့ ခင်လေးနွယ်က နောက်ထပ်လည်း သူငယ်ချင်းတွေနဲ့ ပေါင်းပြီး တိုင်းရင်းသား အစားအသောက်ဆိုင် ထပ်မံ ဖွင့်လှစ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

play

 

ခင်လေးနွယ်ဟာ စီးပွားရေးလုပ်ငန်းထဲကို လွန်ခဲ့တဲ့ ၂နှစ်လောက်ထဲက ဝင်ခဲ့ပြီး သူငယ်ချင်းတွေနဲ့အတူ အိမ်ခြံမြေ ရောင်းဝယ်ရေး ပုံမှန်မျိုး လုပ်ဖြစ်သလို ပိတ်စဆိုင်လည်း ဖွင့်ထားတယ်လို့ သိရပါတယ်။ စီးပွားရေးလုပ်ငန်း တွေလုပ် နေတဲ့ သူမအနေနဲ့ အနုပညာဘက်ကို အချိန်ပေးဖို့ အဆင်မပြေတော့တာကြောင့် အနုပညာအလုပ်တွေကို မလုပ်ဖြစ် တော့တာလို့ သိရပါတယ်။

Source : 7day Daily

ခင်လေးနွယ်ရဲ့အားပေးကြလား။»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ