Local Celebrity: ဦးကင်းကောင်အတွက် ငါးသိန်း လှူဒါန်းခဲ့တဲ့ Trinity Foundation

ဝေဠုကျော် ဖောင်ဒေးရှင်း၊ ပြေတီဦးဖောင်ဒေးရှင်းနဲ့နှင်းဆီရင်ခွင်ဖောင်ဒေးရှင်းတို့က သွားရောက်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

play

 

လူရွှင်တော် တစ်ဦးဖြစ်သလို သရုပ်ဆောင် တစ်ဦးလည်း ဖြစ်တဲ့ ဦးကင်းကောင်ကတော့ ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။ နာမကျန်းဖြစ်နေတဲ့ ဦးကင်းကောင်အတွက် အနုပညာရှင်များ ဖွဲ့စည်းထားတဲ့ ဝေဠုကျော်ဖောင်ဒေးရှင်း၊ ပြေတီဦးဖောင်ဒေးရှင်းနဲ့ နှင်းဆီရင်ခွင်ဖောင်ဒေးရှင်းတို့ ပေါင်းပြီး ဖွဲ့စည်းထားတဲ့ Trinity ဖောင်ဒေးရှင်းက အလှူငွေ ငါးသိန်းကျပ်ကို သွားရောက်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

play

 

"နှင်းဆီဝိုင်၊ သရဲလေးကောင်"ကတည်းက တွဲလာတဲ့ စိန်ပေါလ်ကျောင်းသား ငယ်သူချင်းကင်းကောင် အမြန်ဆုံး ကျန်းမာစွာနဲ့ အနုပညာတာဝန်များ ဆက်လက်ထမ်းဆောင်နိုင်ပါစေလို့ " မောင်မျိုးမင်းကလည်း ဆုတောင်းပေး ထားပါတယ်။

play

 

ဆေးရုံတက်နေရတဲ့ ဦးကင်းကောင်ဆီကို လူရွှင်တော်အသင်းကလည်း အလှူငွေ နှစ်သိန်းကျပ် သွားရောက်ကူညီခဲ့ တယ်လို့ သိရပါတယ်။

Photo : ဦးမျိုးမင်း ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ