Local Celebrity: ဘန်ကောက်မှာ အထူးပွဲပြမယ့် TT& Donut

စက်တင်ဘာလ(၂၁)ရက်နေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အထူးပွဲ ပြသသွားမှာ ဖြစ်ပါတယ်။

play

 

TT& Donut ရုပ်ရှင်ဇာတ်ကားကို  ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ  စက်တင်ဘာလ(၂၁)ရက်နေ့တွင် အထူးပွဲ ပြသသွားမယ်လို့ သိရပါတယ်။ အဲ့ဒီပွဲကို ညနေ(၆)နာရီတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Siam Paragon Cineplex ရုပ်ရှင်ရုံကြီးမှာ မြန်မာ ၊ ထိုင်းဧည့်သည်တော်များနဲ့ စာနယ်ဇင်း ရုပ်သံဆိုင်ရာ မီဒီယာများကို အထူးပွဲ ပြသသွားမှာ ဖြစ်ပါတယ်။

play

 

ဒီဇာတ်ကားကို ဇာတ်လမ်းဇာတ်ညွှန်း၊ ဒါရိုက်တာ ထိုင်းလူမျိုး ADSAJU SATTA GOVIT က ရိုက်ကူးပြီး ပြေတီဦး၊ Miss Thailand Word 2014 2nd Runner up နဲ့ ဧည့်သည်သရုပ်ဆောင် ရွှေသမီး အပြင် အခြားသော အနုပညာရှင်များလည်း ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကို ၂၀၁၇ခုနှစ် (၁)လပိုင်းမှာ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံတို့တွင် တစ်ပြိုင်နက် ရုံတင်ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Source : Popular News

Photo  : ပြေတီဦး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ