Local Celebrity: "TT & DONUT" ရုပ်ရှင်အထူးပွဲအတွက် ဘန်ကောက်ကို ရောက်ရှိနေတဲ့ ပြေတီဦး

, updated

ဒီနေ့ (စက်တင်ဘာ၂၁)ရက်နေ့ ထိုင်းနိုင်ငံမှာ "TT & DONUT" ရုပ်ရှင်ဇာတ်ကားအထူးပွဲ ပြသမှာ ဖြစ်ပါတယ်။

play

 

မြန်မာနိုင်ငံက မင်းသားပြေတီဦးနဲ့ထိုင်းမင်းသမီး၊ ထိုင်းအနုပညာရှင်များစွာ ပါဝင်ထားတဲ့  "TT & DONUT" ရုပ်ရှင်ဇာတ်ကားကို ဒီနေ့ (စက်တင်ဘာ၂၁)ရက်နေ့မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Siam Pragon Cineplex ရုပ်ရှင်ရုံတွင် အထူးပွဲပြသမှာ ဖြစ်ပါတယ်။

play

 

အဲဒီရဲ့ ရုပ်ရှင်အထူးပွဲအတွက်ကိုလည်း ပြေတီဦးက ဘန်ကောက်မြို့သို့ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဘန်ကောက် ကို ရောက်ရှိနေပြီဖြစ်တဲ့ ပြေတီဦးက စက်တင်ဘာ(၂၀)ရက်နေ့မှာ "TT & DONUT" ဇာတ်ကားအတွက် ရုပ်သံများနဲ့ အင်တာဗျူးများလည်း ပြုလုပ်နေကြောင်းကို သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ Live ထုတ်လွှင့်ပြသခဲ့ပါတယ်။

play

 

ဒီရုပ်ရှင်ဇာတ်ကားကို ထိုင်းလူမျိုး ဒါရိုက်တာ Adsajun Sattagovit က ရိုက်ကူးထားပြီး ပြေတီဦး၊ ထိုင်းအလှမယ် Care Chattrika Sittiprom နှင့် ရွှေမင်းသမီး တို့က အဓိကပါဝင် သရုပ်ဆောင်ထားကာ လာမယ့် ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ အတွင်းမှာ ထိုင်းနိုင်ငံ နှင့် မြန်မာနိုင်ငံတွင် တစ်ပြိုင်တည်း ရုံတင်ပြသ သွားမယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ