Local Celebrity: ဗိုလ်တစ်ထောင်ဘုရားသို့ သွားဖူးခဲ့တဲ့ "TT & Donut" ထဲက ထိုင်းမင်းသမီး

ထိုင်းမင်းသမီး Chattarika Sittiprom ဖြစ်ပါတယ်။

play

 

"TT & Donut" ရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်ရိုက်ကူးထားတဲ့ ထိုင်းမင်းသမီး Chattarika Sittiprom က ဗိုလ်တစ်ထောင် ဘုရားသို့ သွားရောက်ဖူးမျှော်ခဲ့တယ်လို့ သိရပါတယ်။ တီတီ နှင့်ဒိုးနပ်ရုပ်ရှင်ဇာတ်ကားကြီးရဲ့ World Gala Premiere Show အထူးပွဲကိုရောက်ရှိလာတဲ့ သူမနဲ့ အဖွဲ့ဝင်အားလုံး သွားရောက်ဖူးမျှော်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

play

ဗိုလ်တစ်ထောင်ဘုရားသို့ သွားရောက်ဖူးမျှော်ခဲ့တဲ့ ထိုင်းမင်းသမီးလေးဟာ ဗိုလ်တစ်ထောင် ဘိုးဘိုးကြီး နန်းသို့ သွားရောက်ဦးတိုက် ဆုတောင်းခဲ့ပါသေးတယ်။ သူမအနေနဲ့ မြန်မာနိုင်ငံမှာ လည်ပတ်ခွင့်ရခဲ့ရင် ကျိုက်ထီးရိုး စေတီတော်ကြီးသို့ သွားရောက်ဖူးမျှော်ချင်တယ်လို့ ဆိုပါတယ်။ တောင်ထိပ်အမြင့်ကြီးပေါ်မှာ ရှိတဲ့ ကျိုက်ထီးရိုးဘုရားကို အရမ်းစိတ်ဝင်စားတာကြောင့် သွားရောက်ဖူးမျှော်ချင်တာလို့ သူမက TV Channel တစ်ခုရဲ့ အင်တာဗျူးအစီအစဉ်မှာ ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။

Source : The New Sky Media

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ