မျိုးကိုကိုစန်းရဲ့ Valentine Gift ကို ရသွားတဲ့ သူကတော့ အရမ်းကိုပျော်နေတာ တွေ့ရပါတယ်။ ချစ်သူများနေ့ မရောက်ခင် ဖေဖော်ဝါရီ(၁၃) ရက်နေ့ ည(၁၀)နာရီလောက်က မျိုးကိုကိုစန်းက Valentine Gift ကို ရရှိသွားတာ ဖြစ်ပါတယ်။

Valentine Gift ကို ရသွားတဲ့ သူက ခြေထောက်မသန်တဲ့ ဦးလေတစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီးတော့ Valentine Gift ကို ပေးခဲ့တဲ့ မျိုးကိုကိုစန်းက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ရေးသားထားတာ တွေ့ရပါတယ်။

play

 

"ဒါ ကိုယ့်ရဲ့ Valentine Gift ရသွားတဲ့သူပေါ့ ခြေထောက်မသန်တဲ့ လူကြီး ချောကလက်တွေ ငေးကြည့်နေတာပိုက်ဆံ ၅၀၀၀ရယ် ချောကလက်ရယ် နှင်းဆီပန်းလေးရယ် သူ့လည်း အပေးခံသင့်တာပေါ့နော် တော်တော်ပျော်သွားရှာတယ် " ဆိုပြီး ရေးသားထားပါတယ်။

သူရဲ့ လုပ်ဆောင်မှုလေးတွေ သူ့ရဲ့ ပရိသတ်တွေက ချီးကျူးစကားတွေ ဆိုထားတာ ရှိသလို ဝေဖန်ထားတဲ့ သူတွေလည်း ရှိနေတာ တွေ့ရပါတယ်။

play

အဲ့ဒါနဲ့ ပတ်သက်ပြီးတော့လည်း မျိုးကိုကိုစန်းက သူတင်ထားတဲ့ ပို့စ်အောက်က ကောမန့်မှာ ယခုလို ပြန်ပြီး ပြောပြထားတာတွေ့ရပါတယ်။

"ဒီတိုင်းလှူလို့ရတာပဲ ဓာတ်ပုံဘာလို့ရိုက်လဲဆိုတော့ ကိုယ်လှူတဲ့ အလှူကို မှတ်တမ်းတင်တာပါ

Facebook ပေါ်ဘာလို့ တင်လဲဆိုတော့ ကိုယ့်အလှူကို မုဒိတာ ပွားစေချင်လို့ပါ နောက်ပြီး ဒီလိုလူမျိုးတွေလည်း ချစ်သူများနေ့နဲ့ ထိုက်တန်တယ်ဆိုတာ သိစေချင်လို့ ပါ သူတို့ရဲ့ စိတ်နေရာကနေဝင်စဉ်းစားပေးပြီး လက်ဆောင်ပေးလိုက်တာအပြင် မပိုပါဘူး ဘာပဲပြောပြော ကိုယ်တင်တော့ ကိုယ်မေ့လျော့နေတဲ့ ပတ်ဝန်းကျင်က အမေ့ခံလူတန်းစားတစ်ချို့ ရှိကြောင်း ခဏတော့ တွေးမိသွားကြတယ်မလား ဒီလောက်ပါပဲ တစ်ချို့ လူတွေ စိတ်ထဲ ထင်သလို အကောင်းမြင်ခံချင်စိတ်ကလေးလဲ နည်းနည်းတော့ ပါတာပေါ့ လူပဲ ကိုယ့်ကို အကောင်းမြင်တာ လူတိုင်းလိုချင်ကြတာကြည့်ပဲဟာ" ဆိုပြီး ပြောပြထားတာ ဖြစ်ပါတယ်။

play

 

မျိုးကိုကိုစန်း ဟာ ယောက်ျားလေး တစ်ယောက်ဖြစ်ပေမယ့် ငယ်ငယ်ကတည်းက မိန်းကလေး ဖြစ်ချင်စိတ်ရှိပြီး အသက်(၂၂)နှစ်အရွယ်မှာ မိန်းကလေး တစ်ယောက်လို ပြင်ဆင်ပြုမူနေထိုင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။

သူမရဲ့ မွေးနေ့မှာလည်း Sex ပြောင်းလဲ ခွဲစိတ်ခဲ့ပါသေးတယ်။ ယခုဆိုရင် သူမလိုချင်တဲ့ မိန်းကလေး ဘဝကို လုံးဝရောက်ရှိသွားပြီ ဖြစ်ပါတယ်။မိန်းကလေး တစ်ယောက်လို နေထိုင်ခဲ့တဲ့ မျိုးကိုကိုစန်းဟာ ခေါင်းဆောင်မင်းသမီးအဖြစ် ရုပ်ရှင်ရိုက်ဖို့အထိ ကမ်းလှမ်းခံခဲ့ရဖူးသူ တစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့် အကြောင်းကြောင်းတွေကြောင့် မရိုက်ဖြစ်ခဲ့ပါဘူး။

play

 

မျိုးကိုကိုစန်း(Myo Ko Ko San) ဟာ ၂၀၁၃ခုနှစ်က ကျင်းပခဲ့တဲ့ Miss Rainbow Ribbon Myanmar 2013 ပြိုင်ပွဲတွင် Crown ရရှိခဲ့ပြီး ထိုင်းနိုင်ငံ ပတ္တရားမြို့မှာ ကျင်းပခဲ့တဲ့ ဂေးအလှမယ်များသာ ယှဉ်ပြိုင်ရတဲ့ Miss International Queen 2014ပြိုင်ပွဲသို့လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ တစ်ဦးလည်းဖြစ်ပါတယ်။

Photo : မျိုးကိုကိုစန်း FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video