AD
AD
AD

အဆိုတော် စန္ဒီမြင့်လွင်က သတို့သားလောင်းရဲ့ Velentine's Day လက်ဆောင်ကြောင့် ပျော်လို့နေပါတယ်။ သတို့သားလောင်းက သူမအတွက် ချစ်သူများနေ့အထိမ်းအမှတ်လက်ဆောင်လေးတွေကို အများကြီး ပို့ပေးလိုက်တာပါ။

play

 

သတို့သားလောင်းရဲ့ လက်ဆောင်ထဲမှာ နှင်းဆီပန်း(၉၉)ပွင့်နဲ့ အတူ ဖိနပ်လေးလည်း ပါပါသေးတယ်။စန္ဒီမြင့်လွင်ရဲ့ ပျော်နေတဲ့ ပုံလေးတွေကိုလည်း ပရိသတ်တွေအတွက် ပြန်လည်ဝေမျှပေးလိုက်တယ်နော်။

အဆိုတော် စန္ဒီမြင့်လွင်က ချစ်သူနဲ့ မတ်လ(၁၁) ရက်နေ့ ရွှေလက်တွဲတော့မှာ ဖြစ်ပါတယ်။ မင်္ဂလာဧည့်ခံပွဲကို နိုဗိုတယ်မှာ ပြုလုပ်မှာဖြစ်ပြီး ညစာစားပွဲကိုတော့ Lotte ဟိုတယ်မှာ ပြုလုပ်မယ်လို့ သိရပါတယ်။

play

 

မင်္ဂလာပွဲကို ချစ်သူသက် တမ်း တစ်နှစ်ခွဲမှာ စီစဉ်တာ ဖြစ်ပါတယ်။

ချစ်သူကောင်လေးကတော့ သူမအပေါ် သဘောထားကြီး နားလည်ပေးတယ်လို့ ဆိုပါတယ်။သူမအနေနဲ့ အိမ်ထောင်ပြုပြီးသွားရင်လည်း အနုပညာအလုပ်တွေကို ဆက်လုက်လုပ်ကိုင်သွားမှာဖြစ်ပြီး ဇန်နဝါရီ လအတွင်းမှာ ဆိုဖီယာနဲ့ သီဆိုထားတဲ့ သီချင်းတစ်ပုဒ်ကိုလည်း အွန်လိုင်းကနေ ဖြန့်ချိ ပေးသွားမယ်လို့ သိရပါတယ်။

Photo : စန္ဒီမြင့်လွင် FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD