Local Celebrity: Victoria's Secret Fashion Show ကိုသွားရမယ့် ပိုင်တံခွန်

ပွဲတက်ခွင့်ရတဲ့အတွက် အရမ်းပျော်နေပါတယ်။

ပိုင်တံခွန်ကတော့ ပြည်ပပွဲတွေ တော်တော်များများ တက်ရောက်ခွင့်ရတဲ့ အနုပညာရှင်တစ်ဦးဖြစ်သလို ယခုအခါမှာလည်း Victoria's Secret Fashion Show ၂၀၁၇ ပွဲကို တက်ရောက်ခွင့်ရခဲ့ပါတယ်။

Shanghai မြို့မှာ ကျင်းပမယ့် Victoria's Secret Fashion Show 2017ကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ တက်ရောက်ခွင့်ရတဲ့အတွက် ပိုင်တံခွန်တစ်ယောက် အရမ်းပျော်နေပါတယ်။

play

 

အဲ့ဒီပွဲကို OPPO ရဲ့ Customer Relations Ambassador အဖြစ် ပထမဆုံး ဖိတ်ကြားခြင်းခံရတာလို့ သိရပါတယ်။

Victoria's Secret Fashion Show 2017  တက်ရောက်ခွင့်ရတဲ့ ပိုင်တံခွန်ရဲ့ ခံစားချက်ကတော့ "ကျွန်တော် Victoria's Secret Fashion Show 2017  တက်ရောက်ခွင့်ရတဲ့အတွက် အရမ်းပျော်ပါတယ်။ တကယ်လည်း မထင်ထားဘူးပေါ့နော်။ အရင်လည်း ပြည်ပပွဲတွေ တော်တော်များများ မှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ရှိုးလျှောက်ရတာတွေ ရှိပါတယ်။ အခု Victoria's Secret Fashion Show 2017  ကတော့ ပထမဆုံး တက်ရောက်ဖူးပါတယ်။ ဟိုမှာတော့ သုံးရက်လောက် နေဖြစ်မယ် ထင်ပါတယ်။ ပွဲက ၂၀ရက်နေ့ ကျင်းပမယ်လို့ သိရပါတယ်။ " ဆိုပြီး Duwun Media ကို ဖုန်းနဲ့ ဖြေဆိုပေးခဲ့ပါတယ်။

play

 

ပိုင်တံခွန်ကတော့ Victoria's Secret Fashion Show 2017  ပွဲကိုတက်ရောက်ဖို့အတွက် နိုဝင်ဘာ(၁၈)ရက်နေ့ မြန်မာနိုင်ငံက ထွက်ခွာမယ်လို့ သိရပါတယ်။

Shanghai မှာ သုံးရောက်လောက် နေဖြစ်မှာ ဖြစ်ပြီး ပွဲပြီးသွားရင်လည်း Oppo နဲ့ အတူ ရိုက်ကူးရေး ဆက်လုပ်သွားဖို့ ရှိတယ်လို့ ပိုင်တံခွန်က ဆိုပါတယ်။

play

 

မြန်မာနိုင်ငံ ပြန်ရောက်ရင်လည်း ကြော်ငြာရိုက်ကူးရေးတွေ ဆက်ပြီး လုပ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။ မော်ဒယ် သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ ပိုင်တံခွန်ကတော့ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားသူ ဖြစ်ပါတယ်။

Photo : ပိုင်တံခွန် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ