Local Celebrity: (၁၅)ရက်နေ့ ထွက်မယ့် သိန်းလင်းရဲ့ "Vitamin-T"

ပရိုမိုးရှင်းနေ့မှာ ပရိသတ်တွေနဲ့ ဆုံချင်ပါတယ်တဲ့။

play

 

သရုပ်ဆောင် အဆိုတော် သိန်းလင်းရဲ့ "Vitamin-T" စီးရီးခွေကို ဇန်နဝါရီ (၁၅)ရက်နေ့မှာ ထွက်ရှိမယ်လို့ သိရပါတယ်။ သီချင်းစုစုပေါင်း (၁၃)ပုဒ်ပါဝင်တဲ့ သူ့ရဲ့ စီးရီးခွေ ပရိုမိုးရှင်းကိုတော့ အခွေထွက်ရှိတဲ့နေ့ (၁၅)ရက်နေ့မှာ လှည်းတန်းစင်တာပရိုမိုးရှင်းဧရိယာတွင် ညနေ (၃)နာရီကနေ (၅)အထိ ပရိသတ်တွေနဲ့ တွေ့ဆုံပြီး အမှတ်တရ လက်မှတ်ရေးထိုးပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ သိန်းလင်းအပြင် အခြားသော အနုပညာရှင်များကလည်း လာရောက်ကြမယ်လို့ သိရပါတယ်။

play

 

အခွေနာမည်ပေးဖြစ်ပုံနဲ့ ပတ်သက်ပြီး သိန်းလင်းက ယခုလို ပြောပြခဲ့ပါတယ်။

" ကျွန်တော့် နာမည် T ဆိုတဲ့အရာလေးကို ကိုယ်စားပြုထားတာပါ။ နောက်ထွက်မယ့် အခွေတိုင်းကိုလဲ T ရဲ့ အရှေ့မှာ ဖြစ်ဖြစ်၊ အနောက်မှာ ဖြစ်ဖြစ် နာမ်စားလေးတွေ ပြောင်းပြီးတော့ သုံးသွားမှာပါ။ T series သဘောလိုပေါ့" လို့ သူက ဆိုပါတယ်။

play

 

ဂီတပိုင်းမှာသာမက သရုပ်ဆောင်ပိုင်းမှာလည်း ပရိသတ်အားပေးမှု ရရှိထားတဲ့ သိန်းလင်းကတော့ Charm Season 2 မှာလည်း ဆက်လက်ပါဝင်ထားတယ်လို့ သိရပါတယ်။ အခွေပိုင်းနဲ့ ပတ်သက်ပြီး အစွမ်းကုန်ကြိုးစားနေတဲ့ သူက အခြား ဇာတ်ကားတွေတော့ မရိုက်ဖြစ်သေးဘူးလို့ သိရပါတယ်။ သိန်းလင်းဟာ "T- Virus" ဆိုတဲ့ ပထမစီးရီးခွေကို သိန်းလင်းစိုးနာမည်နဲ့ ထွက်ရှိထားပြီး ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော် တစ်ဦးလည်း ဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း ပရိသတ်လက်ခံမှု ရရှိထားသူလည်း ဖြစ်ပါတယ်။

Photo : သိန်းလင်းစိုး ဖေ့စ်ဘွတ်

သိန်းလင်းစိုးရဲ့ "မင်းနဲ့အတူတူရှိချင်"
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ