Local Celebrity: Wai လျှံတို့ မင်္ဂလာဆွမ်းကျွေး

မဟာဗောဓိပရိယတ္တိစာသင်တိုက်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

play

 

ချစ်သူသက်တမ်း (၆)နှစ်ကျော်ရှိခဲ့တဲ့ သရုပ်ဆောင် အဆိုတော် Wai လျှံနဲ့ မသန့်စင်မွန်တို့ချစ်သူနှစ်ဦး ကတော့ မင်္ဂလာဦးဆွမ်း အခမ်းအနားကို ကျင်းပလိုက်ပြီ ဖြစ်ပါတယ်။

မင်္ဂလာဦးဆွမ်းကျွေးအခမ်းအနားကို အောက်တိုဘာ(၂၀)ရက်နေ့မှာ ရန်ကုန်မြို့မှာရှိတဲ့ ရန်ကင်းမြို့နယ် မိုးကောင်းလမ်း(၁၄)ရပ်ကွက်မှာရှိတဲ့ မဟာဗောဓိပရိယတ္တိစာသင်တိုက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

play

 

သူတို့စုံတွဲဟာ ဇူလိုင်လ(၉)ရက်နေ့မှာ နှစ်ဖက်မိဘစုံညီစွာနဲ့ စေ့စပ်ထားပြီးကာ ချစ်သူ သက်တမ်း(၆)နှစ်ကျော်မှ မင်္ဂလာပွဲကို ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။ Wai လျှံကတော့ သူ့ကို ပရိသတ်တွေ ငယ်ငယ်လေးနဲ့ အိမ်ထောင်ကျ တယ်လို့ ထင်မှာစိုးလို့ သူရဲ့ အသက်က (၂၈)နှစ်ဖြစ်ပြီလို့လည်း ပေါ်ပြူလာ ဂျာနယ်မှာ ပြောပြထားပါတယ်။ကောင်မလေးကတော့ သူ့ထက် တစ်နှစ်ငယ်တယ်လို့ သိရပါတယ်။

play

Source  : Popular News

Photo  : Naddy  Aung

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ