Local Celebrity: ဖခင်ဘဝကို ရောက်ရှိသွားပြီ ဖြစ်တဲ့ အဆိုတော် Wai လျှံ

အမြွှာရင်သွေးလေး မွေးသွားပြီလို့ သိရပါတယ်။

သရုပ်ဆောင် အဆိုတော် Wai လျှံကတော့ ဒီနေ့(အောက်တိုဘာ၂၁ရက်)မှာပဲ ကလေးအဖေဘဝကို ရောက်ရှိသွားပါပြီ။ Wai လျှံ ရဲ့ ဇနီးသန့်စင်မွန်က အမြွှာရင်သွေးလေးကို အောင်မြင်စွာ မွေးဖွားနိုင်တယ်လို့ သိရပါတယ်။

အမြွှာသားလေး နှစ်ယောက်ကို ပိုင်ဆိုင်ရပြီဖြစ်တဲ့ အဆိုတော် Wai လျှံ ကတော့ ပျော်ရွှင်လို့နေပါတယ်။

play

 

အမြွှာလေးနှစ်ယောက်ကိုတော့ ဒီနေ့နံနက်(၆)နာရီလောက်က ပင်လုံဆေးရုံမှာ မွေးတာ ဖြစ်ပါတယ်။ Wai လျှံ ရဲ့ ဖေ့စ်ဘွတ်မှာလည်း လွန်ခဲ့တဲ့တစ်နာရီက "ကျွန်တော်မင်းသားလေး ၂ပါး  ကျွန်တော်ဘဝထဲ ဝင်လာပြီဗျာ" ဆိုတဲ့ စာသားလေးနဲ့အတူ သားလေးတွေရဲ့ ပုံကိုပါ တင်ထားတာ ဖြစ်ပါတယ်။

မိခင်ကော ကလေးပါ ကျန်းမာတယ်လို့ သိရပါတယ်။ Wai လျှံရဲ့ ပရိသတ်တွေနဲ့ မိတ်ဆွေတွေကတော့ ဝမ်းသာမဆုံး ဖြစ်နေကြပါတယ။်

play

 

Wai လျှံနဲ့ သန့်စင်မွန်တို့ဟာ ဇူလိုင်(၉)ရက်နေ့ ၂၀၁၆ ခုနှစ်က နှစ်ဖက်မိဘစုံညီစွာနဲ့ စေ့စပ်ထားကြတာ ဖြစ်ပြီး မင်္ဂလာဦး ဆွမ်းကျွေး အခမ်းအနားကိုတော့ အောက်တိုဘာ(၂၀)ရက်နေ့က ရန်ကုန်မြို့မှာရှိတဲ့ ရန်ကင်းမြို့နယ် မိုးကောင်းလမ်း(၁၄)ရပ်ကွက်မှာရှိတဲ့ မဟာဗောဓိပရိယတ္တိစာသင်တိုက်မှာ ပြုလုပ်ခဲ့ပါတယ်။

play

 

အဆိုတော် Wai လျှံ နဲ့ မသန့်စင်မွန်တို့ရဲ့ မင်္ဂလာဧည့်ခံပွဲကို နိုဝင်ဘာ (၂၀)ရက်နေ့က ဆီဒိုးနားဟိုတယ်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

မင်္ဂလာဧည့်ခံပွဲကို ညနေ(၄)နာရီကနေ (၆)နာရီအထိ စည်ကားစွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ချစ်သူသက်တမ်း (၆)နှစ်ကျော်မှ အိမ်ထောင်ပြုခဲ့တာ ဖြစ်ပြီး နားလည်မှုတွေနဲ့ ဘဝကို တည်ဆောက်ထားတဲ့ ဇနီးမောင်နှံတွေ ဖြစ်ပါတယ်။

 

Photo : Wai လျှံ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ