Local Celebrity: သီတင်းကျွတ်ပြီးတာနဲ့ ထွက်မယ့် " Wake Up Daddy " DVD

ဂရေဟမ်နဲ့ သမီးဖြစ်သူ ပန်းရောင်ခြယ်တို့ရဲ့ တေးစီးရီး ဖြစ်ပါတယ်။

play

 

အဆိုတော် ဂရေဟမ်နဲ့ သမီးဖြစ်သူ ပန်းရောင်ခြယ်တို့ စုံတွဲထွက်ရှိတဲ့ " Wake Up  Daddy " DVDကိုတော့ သီတင်းကျွတ်ပြီးတာနဲ့ ပရိသတ်တွေလက်ထဲ အရောက်ပေးနိုင်အောင် ကြိုးစားနေတယ်လို့ သိရပါတယ်။

play

 

" Wake Up  Daddy " DVDထဲမှာလည်း ပါဝင်တဲ့သရုပ်ဆောင်တွေက စိုင်းစိုင်းခမ်းလှိုင်၊ မင်းမော်ကွန်း၊ ခင်ဝင့်ဝါတို့က ရိုက်ကူးပေးထားကြပြီး ပန်းရောင်ခြယ်နဲ့ ဂရေဟမ်ကိုယ်တိုင်လည်း ပါဝင်သရုပ် ဆောင်ထား တယ်လို့ သိရပါတယ်။

play

 

အဲ့ဒီအခွေထဲမှာ ပန်းရောင်ခြယ် ကိုယ်တိုင် ဒါရိုက်တာ လုပ်ပြီး ရိုက်ကူးထားတဲ့ သီချင်းတွေလည်း ပါတယ်လို့ သိရပါတယ်။ " Wake Up  Daddy " DVD ထွက်ရှိပြီးတာနဲ့ ပန်းရောင်ရယ်ရဲ့ တစ်ကိုယ်တော်အခွေထွက်ဖို့လည်း ရှိတယ်လို့ ဖခင်ဖြစ်သူ ဂရေဟမ်က ဆိုပါတယ်။

Source & Photo : 7day Daily ၊ ပန်းရောင်ခြယ်ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ