play

 

အဆိုတော် ဂရေဟမ်နဲ့ သမီးဖြစ်သူ ပန်းရောင်ခြယ်တို့ အတူသီဆိုထားတဲ "WAKE UP DADDY" DVD ကတော့ မကြာခင် ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ "WAKE UP DADDY" DVD ကို ဒီဇင်ဘာ (၂၁)ရက်နေ့ ထွက်ရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

" Wake Up  Daddy " DVDထဲမှာလည်း ပါဝင်တဲ့သရုပ်ဆောင်တွေက စိုင်းစိုင်းခမ်းလှိုင်၊ မင်းမော်ကွန်း၊ ခင်ဝင့်ဝါတို့က ရိုက်ကူးပေးထားကြပြီး ပန်းရောင်ခြယ်နဲ့ ဂရေဟမ်ကိုယ်တိုင်လည်း ပါဝင်သရုပ် ဆောင်ထား တယ်လို့ သိရပါတယ်။ အဲ့ဒီအခွေထဲမှာ ပန်းရောင်ခြယ် ကိုယ်တိုင် ဒါရိုက်တာ လုပ်ပြီး ရိုက်ကူးထားတဲ့ သီချင်းတွေလည်း ပါတယ်လို့ သိရပါတယ်။

play

 

အခွေပရိုမိုးရှင်းပွဲကိုလည်း ဇန်နဝါရီ (၄)ရက်နေ့ လှည်းတန်းစင်တာတွင် ညနေ(၃)နာရီကနေ (၅)နာရီအထိ ပြုလုပ်သွားမှာ  ဖြစ်တယ်လို့ သိရပါတယ်။

Photo : ပန်းရောင်ခြယ် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video