Local Celebrity: မွေးနေ့ဆုတောင်းစာများ Wall ပေါ်မှာ ရေးလို့မရအောင် လုပ်လိုက်တဲ့ ဆောင်းဦးလှိုင်

အများရဲ့ မေတ္တာကို ရရှိထားတာ လုံလောက်ပြီလို့ ယုံကြည်ကြောင်း သူက ပြောပါတယ်။

play

 

လာမယ့် ဒီဇင်ဘာ(၈)ရက်နေ့က အဆိုတော် ဆောင်းဦးလှိုင်ရဲ့ မွေးနေ့ဖြစ်တယ်လို့ သိရပါတယ်။ သူ့ရဲ့ မွေးနေ့မှာ တိုက်တိုက်ဆိုင်ဆိုင်ကျင်းပပြုလုပ်မယ့် ရန်ကုန်နာရေးကူညီမှုအသင်းရဲ့ (၁၆)နှစ်ပြည့်ပွဲကို တက်ရောက်ပေးခြင်းနဲ့ ဂုဏ်ပြုပေးဖို့ကိုလည်း သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ပြောပြထားပါတယ်။

play

 

သူ့ရဲ့ မွေးနေ့မှာ ပရိသတ်တွေမိတ်ဆွေအားလုံး မွေးနေ့ဆုတောင်းစာများရေးပေးကြမှာကို သိပေမဲ့လည်း သူကိုယ်တိုင်က သူ့ရဲ့ Wall မှာ ရေးသားလို့ ရမှာမဟုတ်ကြောင်းကိုလည်း ပြောထားပါတယ်။ ဘာလို့လဲဆိုတော့ သူကိုယ်တိုင် သူ့Wall မှာ ရေးလို့မရအောင် Setting ပြောင်းပြီး ပိတ်ထားမှာ ဖြစ်ပါတယ်။

play

 

မိတ်ဆွေအားလုံးရဲ့ မေတ္တာကို ရရှိထားတာ လုံလောက်ပြီမို့ ဒီလိုမျိုးလုပ်ရတာပါလို့လည်း ဆိုပါတယ်။

"အခြေအနေအရပ်ရပ်ကို စောင့်ကြည့်လေ့လာနေခဲ့ရာ ဆင်းရဲသားအများပြည်သူတို့အတွက်၊ ကျွန်တော်တို့ ရန်ကုန် နာရေး ကူညီမှု အသင်းသည် နှစ်အတန်ကြာဆက်လက်တည်ရှိနေရန်လိုအပ်နေဦးမည်ဟု ယူဆပါသဖြင့် အားပေးစောင့်ရှောက်ကြပါရန် နှိုးဆော်လိုက်ပါသည်။ စိတ်ချမ်းသာ၍ကိုယ်ကျန်းမာကြပါစေ။"လို့လည်း သူရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

Photo : ဆောင်းဦးလှိုင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ