လူငယ်ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာရရှိထားတဲ့ လူငယ်အဆိုတော် X Box ကတော့ မကြာခင်မှာ သူကိုယ်တိုင်ရေးသားထားတဲ့ သီချင်းတွေ ပါဝင်တဲ့ စီးရီးသစ်ကို ထွက်ရှိတော့မှာပါ။

အခုတစ်ခါ ထွက်ရှိမယ် စီးရီးခွေကို 99 လို့ နာမည်ပေးထားပြီး ဇန်နဝါရီလအတွင်း ထွက်မယ်လို့ သိရပါတယ်။

play

 

သီချင်း ၁၅ ပုဒ် ပါဝင်တဲ့ 99 အခွေမှာ သီချင်းအားလုံးကို သူကိုယ်တိုင် ရေးသားထားတာ ဖြစ်ပြီး Featuring သီဆိုပေးမယ့် သူတွေအတွက် သီးသန့်အပ်ထားတဲ့ တေးရေးဆရာများ ပါဝင်တယ်လို့ ဆိုပါတယ်။

"အသစ်အသစ်တွေ ခုံမင် တဲ့ ဖန်တီးရတာကြိုက်တဲ့သူတစ် ယောက်ဖြစ်တဲ့အတွက် ကျွန် တော့်ရဲ့ ဒုတိယအခွေက အရင် အခွေထက် ပိုပြီးသစ်လွင်တဲ့ ဟစ် ဟော့ပ်သီချင်းတွေ ပါလာပါ တယ်။ အဓိကကတော့ ကျွန်တော်နဲ့ ရင်ဘတ်ချင်းတူတဲ့ ပရိသတ်တွေဆီ တိုက်ရိုက်ရောက်သွားမယ့်အခွေလို့ ကျွန်တော်ပြောချင်ပါတယ်" လို့ 7day Daily ကို ဖြေဆိုပေးထားပါတယ်။

play

 

ဒီတစ်ခါ ထွက်ရှိမယ့် 99 အခွေကိုတော့ ပရိုမိုးရှင်း လုံးဝလုပ်မှာ မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။ ပထမအခွေတုန်းကတော့ ပရိသတ်တွေ မသိသေးတဲ့အတွက် ပရိုမိုးရှင်း လုပ်တာ ဖြစ်ပြီး ဒီတစ်ခါတော့ 99 Hardcore  Party ဆိုပြီး ပြန်လုပ်ပေးမှာလို့ သူက ဖြေဆိုပေးထားတာ တွေ့ရပါတယ်။

Source : 7day Daily

Photo  : X Box FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video