Local Celebrity: X Factor Myanmar ပြိုင်ပွဲရဲ့ ဆန်ခါတင်ပြိုင်ပွဲဝင်များ ရွေးချယ်ပြီးစီး

အောက်တိုဘာ (၈)ရက်နေ့မှ စတင်ကာ အပတ်စဉ်ပြိုင်ပွဲများ ပြုလုပ်ကာ Winner များကို ရွေးချယ်တော့မယ်လို့ သိရပါတယ်။

play

 

X Factor Myanmar 2016 ပြိုင်ပွဲအတွက် နောက်ဆုံးအဆင့် ဆန်ခါတင် ပြိုင်ပွဲဝင်များကို ရွေးချယ်ပြီးထားပြီဖြစ်ပြီး အောက်တိုဘာ (၈)ရက်နေ့မှ စတင်ကာ အပတ်စဉ်ပြိုင်ပွဲများ ပြုလုပ်ကာ Winner ကို ရွေးချယ် သွားမယ်လို့သိရပါတယ်။ အဲဒီပြိုင်ပွဲကို MRTV -4 နဲ့ Forever Bec-Tero တို့ ပူးပေါင်းစီစဉ်ခြင်း ဖြစ်ပြီး တစ်နိုင် ငံလုံးမှ လာရောက်ယှဉ်ပြိုင်သူ ပြိုင်ပွဲဝင်ပေါင်း တစ်ထောင်ကျော်မှ အဆင့်ဆင့် ရွေးချယ်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။

နောက်ဆုံးဆန်ခါတင် အဆင့်သို့ ရောက်ရှိလာတဲ့ ပြိုင်ပွဲဝင်များကို မဲပေးလိုသူများအနေနဲ့ ဖုန်းနံပါတ် ၆၆၀၀ သို့ ပေးပို့ကာ မဲပေးနိုင်ကြောင်း သိရပါတယ်။ နောက်ဆုံးဆန်ခါတင် အဆင့်သို့ ရောက်ရှိလာသူများမှ တစ်ဦး(သို့)တစ်ဖွဲ့ကိုသာ ဆုရွေးချယ်ချီးမြှင့်မှာ ဖြစ်ပြီး Winner ဆုရရှိသူမှာ ကျပ်သိန်း ၁၅၀နဲ့ စီးရီးခွေတစ်ခွေ ထုတ်ခွင့်ရ မယ်လို့ သိရပါတယ်။

Source & Photo : 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ