play

 

အဆိုတော် Big Bag ၊ G Latt ၊The Marionette နဲ့ Emily Bo တို့ ပါဝင်သီ ဆိုမယ့် “Youk Shi Acoustic” ဖျော်ဖြေပွဲကို အောက်တိုဘာ ၂၉ ရက်၊ ညနေ ၅ နာရီမှ ၁၁ နာရီအထိ မြရိပ်ညိုတွင် ကျင်းပသွားမှာ ဖြစ်ပါတယ်။

“ကျွန်တော့်အနေနဲ့ သာမန်လုပ်နေကြပွဲမျိုးမှာလို Punk Music အမျိုးအစား တွေနဲ့ တက်ကြွစွာ ဖျော်ဖြေလေ့ရှိတဲ့ Big Bag အဖွဲ့က Unplugged, Acoustic စနစ်တွေနဲ့ လျှပ်စစ်တူရိယာတွေ မပါဘဲနဲ့ ငြိမ့်ငြိမ့်ညောင်းညောင်း ဖျော်ဖြေမှု တွေကို ပရိသတ် စိတ်ဝင်စားအောင် ဖျော်ဖြေမှာပါ” လို့ Big Bag ကပြောပါတယ်။

ဒုတိယအကြိမ် ကျင်းပမည့် “Youk Shi Acoustic”ဖျော်ဖြေရေးမှာ Emily Boက အင်္ဂလိပ်သီချင်းများကို သီဆို သွားမှာ ဖြစ်ကာ Big Bag နဲ့  G Latt တို့က တစ်ဦးလျှင် ၁၂ပုဒ်စီသီဆိုမှာ ဖြစ်တယ်လို့ သိရပါတယ်။ ရှိုးပွဲလက်မှတ် များကို ကျပ် ၉၀၀၀ ဖြင့် ရန်ကင်းစင်တာ City Mark ၊  Junction 8 စီးတီးမတ်၊ သမိုင်းစီးတီးမတ်၊ Junction Square တို့မှာ ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video