Entertainment: ဆောင်းရာသီ အမှတ်တရ ပန်းချီပြပွဲကို မန္တလေးတောင်ခြေရှိ Mandalay Hill Gallary ပန်းချီပြခန်းမှာ ပြသသွားမှာပါ။

မန္တလေးမှာ ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၇ ရက်အထိ ပြသသွားမယ့် ဆောင်းရာသီအမှတ်တရ ပန်းချီပြပွဲအတွက် ပန်းချီဆရားများ စုပေါင်းပြီး ပန်းချီရေးဆွဲနေပြီ ဖြစ်ပါတယ်။

play
ပန်းချီဆရာများ စုပေါင်းပြီး ပန်းချီကားများ ရေးဆွဲနေကြစဉ်

 

ဆောင်းရာသီ အမှတ်တရ ပန်းချီပြပွဲကို မန္တလေးတောင်ခြေရှိ Mandalay Hill Gallary ပန်းချီပြခန်းမှာ ပြသသွားမှာပါ။ ပန်းချီဆရာတစ်ဦးလျှင် ပန်းချီကား ၅ ကားစီဖြင့် ပန်းချီဆရာ ၁၅ ဦးရဲ့ ပန်းချီကား ၇၅ ကားကို ပြပွဲမှာ ပြသသွားမယ်လို့ ဆိုပါတယ်။

ပန်းချီပြပွဲမှာ  ရေဆေး၊ ဆီဆေး၊ ခရိုင်းလစ် ပန်းချီ အမျိုးအစားများ ပြသမှာဖြစ်ပြီး ပန်းချီကား အရွယ်အစားတွေက တစ်ပေခွဲ၊ နှစ်ပေ ဖြစ်ပါတယ်။

ှSource: 7Day Daily
Photo: ချမ်းဇော်အောင်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ