Entertainment: Met Gala ပွဲမှာ သတ္တုရောင်ဝတ်စုံနဲ့ အမြင်ဆန်းတဲ့ ဆယ်လီတွေ

တေလာဆွစ်ဆို လူတောင်မှားသွားရတဲ့အထိ ထုူးထူးခြားခြား ပြောင်းလဲသွားပါတယ်။

play

 

အရှေ့ဘက်ကမ်းခြေရဲ့ အော်စကာလို့တောင် ခေါ်ဝေါ်ကြတဲ့ Met Gala ပွဲကို တနင်္လာနေ့ညမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲမှာ ဂီတနဲ့ ရုပ်ရှင်ဆိုင်ရာ ထူးချွန်ဆုတွေကိုလည်း ပေးအပ်တာကြောင့် လူကြိုက်အများဆုံး ဆယ်လီတွေကိုလည်း တစ်စုတစ်စည်းတည်း မြင်တွေ့ရတဲ့ပွဲလည်း ဖြစ်ပါတယ်။ ဒီနှစ်ပွဲကို နယူးယောက်ခ်မှာ ပြုလုပ်ခဲ့ပြီး ဒိတ်ဒိတ်ကြဲဆယ်လီအချို့ကတော့ ပြိုးပြက်လင်းလက်တဲ့ သတ္တုရောင်ဝတ်စုံတွေကို ရွေးချယ်ခဲ့ကြပါတယ်။

play

 

သေသေချာချာကြည့်မှ တေလာဆွစ်မှန်း သိလိုက်ရလောက်အထိကို ထူးထူးခြားခြား ပြောင်းလဲသွားတာ ဆံပင်နဲ့ မိတ်ကပ်ကြောင့် ဖြစ်ပါလိမ့်မယ်။ သမားရိုးကျဖက်ရှင်ကနေ ခွဲထွက်လာတဲ့ တေလာက ဒီပွဲရဲ့ တွဲဖက်အစီအစဉ်တင်ဆက်သူလည်း ဖြစ်ပါတယ်။

play

 

ကင်မ် ကာဒါရှီယန်နဲ့ ကာညေးဝက်စ်။ အဆိုတော် ကာညေးက သူ့ရဲ့ ပင်တိုင်ဖက်ရှင်လို့တောင် ပြောလို့ရနိုင်တဲ့ ဂျင်းဘောင်းဘီရှည်ကို တီရှပ်အဖြူနဲ့ တွဲဝတ်လာပြီး အပေါ်ကမှ ကင်မ်နဲ့ ဆင်တူဖြစ်အောင် ငွေရောင်လက်တဲ့ကုတ်တစ်ထည် ထပ်ဝတ်လိုက်ပုံပါ။ မျက်ကပ်မှန်ကြောင့် ပုံစံပြောင်းသွားတဲ့ကာညေးဟာ ကင့်မ်ထက်တောင် ပေါ်လွင်နေပြန်ပါတယ်။

play

လေဒီဂါဂါ

play

 

စူပါမော်ဒယ်ကြီးနဲ့ ဆယ်လီမော်ဒယ်လက်သစ်လေးတို့က ချစ်ချစ်ခင်ခင် ဓာတ်ပုံတွဲရိုက်ကြပါတယ်။ စင်ဒီကရော့ဖို့ဒ်ကလည်း ဒီပွဲရဲ့ သတ္တုရောင်ဝတ်စုံရှင်တွေထဲက တစ်ဦးဖြစ်လာပါတယ်။

play

 

ကိုင်လီဂျန်နာက ဆံပင်လည်း ပုံစံပြောင်းထားပါတယ်။ အနက်ရောင်ဆံပင်တွေကို တောက်ပတဲ့ဝတ်စုံနဲ့ တွဲဖက်ထားပုံက သူမအလှကိုသာ သီးသန့်ထင်ပေါ်သွားအောင် ပံ့ပိုးလိုက်သလိုပါပဲ။

play

 

ငှက်မွှေးတွေကိုမှ ငွေမှင်ရောင်ဖြစ်အောင် ဖန်တီးထားတဲ့ ရီတာအိုရာရဲ့ဂါဝန်ကြီးဟာ တကယ့်ကို ထည်ဝါလွန်းပါတယ်။

play

 

လိုက်ဖက်ညီတဲ့ ချစ်စရာ စုံတွဲလေးက Robocop ဒီဇိုင်းတွေနဲ့ပါ။ ဇေးမောလစ်ခ်ရဲ့ လက်မောင်းနဲ့ ဂျီဂျီဟက်ဒီးရဲ့ လက်ချောင်းလေးတွေမှာ သတ္တုပြားတွေကို တပ်ဆင်လာပုံကတော့ ပွဲနဲ့သိပ်မလိုက်ဘူးထင်ပါတယ်။

play

 

Ralph Lauren ဂါဝန်က ရို့စ်ဘိုင်းကို ရိုးရှင်းပြီးတင့်တယ်တဲ့အသွင် ဖော်ဆောင်ပေးပါတယ်။

play

 

အော်စကာဆုရှင် သရုပ်ဆောင်လေး လူပီတာညွှန်းအိုရဲ့ ပြိုးပြိုးပြက်ပြက်ဝတ်စုံက အစိမ်းရောင်ဘက်ကို ခပ်ပါးပါးလေးသမ်းထားပုံက အခြားသတ္တုရောင်ဝတ်စုံတွေနဲ့ ကွဲပြားစေပါတယ်။

play

 

ဂျော်ဒန်ဒွန်းနဲ့ အလန်ဇန္ဒြား အမ်ဘရိုစီယိုတို့ကို ဒေါ့တ်ဇန်နဲ့အတူ တွေ့ရစဉ်

play

 

ခေတ်ဟောင်းဖက်ရှင်ကို မဟာဆန်အောင်ဝတ်ထားတဲ့ ပေါ်ပီဒီလီဗင်းရဲ့ ပြင်တတ်ဆင်တတ်ပုံက ချီးကျူးစရာပါ။

Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ