Entertainment: Miss Internet ဆုအတွက် မဲပေးမှုမှာ Lဘောက်နူး စတုတ္တ နေရာရောက်နေ

ပိုလန်နိုင်ငံမှာ ကျင်းပနေတဲ့ ဒီပြိုင်ပွဲမှာ Miss Internet ဆုအတွက် အွန်လိုင်းက မဲပေးတာကို ဒီဇင်ဘာ ၄ ရက်အထိ လုပ်လို့ရမှာ ဖြစ်ပါတယ်။

play

 

ပိုလန်နိုင်ငံမှာ ကျင်းပနေတဲ့ Miss Supranational ပြိုင်ပွဲဝင် အလှမယ်များကို အင်တာနက်မှမဲပေးသည့် အစီအစဉ် စတင်နေပြီဖြစ်ပါတယ်။ အရင်နှစ်တွေကလို online payment စနစ်နဲ့ ကိုယ်နှစ်သက်ရာ အလှမယ်များကို မဲပေးရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

play

 

ဒီနှစ် Miss Supranational ပြိုင်ပွဲဝင် အလှမယ် Lဘောက်နူးက စပေးလို့ရပြီး နှစ်ရက်အကြာမှာတော့ စတုတ္တမဲအများဆုံး အလှမယ်ဖြစ်နေပါတယ်။

မြန်မာအလှမယ် Lဘောက်နူးရဲ့ ထက်မဲပိုများနေတဲ့သူတွေက အင်ဒိုနီးရှားအလှမယ်၊ စကောာ့တလန် အလှမယ်နဲ့ ဆွစ်ဇာလန် အလှမယ်တို့ ဖြစ်နေပါတယ်။ မည်သူမဆို ကိုယ်နှစ်သက်ရာ အလှမယ်ကို မဲပေးနိုင်ပြီး ဆယ်ကြိမ်မဲပေးဖို့အတွက် အမေရိကန် ၅ ဒေါ်လာကို အွန်လိုင်း ငွေချေစနစ်နဲ့ ပေးချေရမှာပါ။ miss internet ဆိုကို နှစ်နှစ်ဆက်တိုက် မြန်မာအလှမယ်တွေက ရခဲ့တာပါ။

play

မဲပေးကြဖို့ Lဘောက်နူးက ဖေ့စ်ဘွတ်က တဆင့် တိုက်တွန်းထားတာပါ

မဲပေးဖို့ အတွက် စည်းမျဉ် အချို့လည်း ရှိပါတယ်။ ဆယ်ကြိမ်မဲပေးဖို့အတွက် အမေရိကန် ၅ ဒေါ်လာကုန်ကျပြီး အကြိမ်အရေ အကန့်အသတ် မရှိ မဲပေးလို့ရပါတယ်။ ပြိုင်ပွဲဝင် အလှမယ်က အကြောင်းအမျိုးမျိုးကြောင့် ပြိုင်ပွဲမှာ ဆက်မပါတော့ရင်တော့ မဲပေးထားတဲ့ ကုန်ကျငွေကို ပြန်ရမှာ မဟုတ်ပါဘူး။

play

 

နိုင်ဝင်ဘာ ၂၈ ရက်နေ့မှာ မဲအများဆုံး ဖြစ်နေတဲ့ စကော့တလန် အလှမယ်

လာမယ့် ဒီဇင်ဘာ ၄ ရက်နေ့အထိ အင်တာနက်ကနေ အွန်လိုင်းငွေချေစနစ်နဲ့ အကြိမ်အကန့်အသတ်မရှိ မဲပေးလို့ ရနေမှာပါ။ အောက်ပါ လင့်ခ်အတိုင်းသွားပြီး မဲပေးလို့ ရပါတယ်။

http://www.misssupranational.com/voting-page/

ှSource : www.misssupranational.com

Photos : L Bawk Nu's fb page, www.misssupranational.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ