Entertainment: Miss Universe ပြိုင်ပွဲ လျှောက်လမ်းမှာ မေဘရဏီသော် ချော်လဲ

ဒီပွဲကို တိုက်ရိုက်ထုတ်လွှင့်နေတာဖြစ်လို့ ကြည့်ရှုသူ အတော်များများက မြင်တွေ့လိုက်ရပြီး မြန်မာပရိသတ်တွေက စိတ်မကောင်းဖြစ်နေကြပါတယ်။

play

 

ဒီကနေ့နံနက်မှာ Miss Universe 2015 ပြိုင်ပွဲရဲ့ နောက်ဆုံးပွဲကြီးမတိုင်မီ အကြိုပြိုင်ပွဲကို ပြုလုပ်နေပါတယ်။

play

 

ညနေခင်း ပွဲတက်ဝတ်စုံနဲ့ လျှောက်လှမ်းရတဲ့ အလှည့်မှာတော့ Miss Universe Myanmar မေဘရဏီသော် လျှောက်လှမ်းစဉ်မှာ ခြေချော်ကျသွားခဲ့ပါတယ်။ ကျော့ရှင်းတဲ့ ကိုယ်ခန္ဓာကို ပေါ်လွင်စေတဲ့ ဂါဝန်ရှည်လေးနဲ့ လှပနေတဲ့ မေဘရဏီသော်ခမျာ စင်ပေါ်ကို တက်လာပြီး လှေကားအဆင်းမှာ ဖိနပ်ကြောင့် ဟန်ချက်ပျက်ပြီး ထိုင်လျက် လဲသွားခဲ့တာပါ။

play

 

ချက်ခြင်းဆိုသလိုပဲ အပြုံးမပျက် ပြန်ထလာတဲ့ သူမကို ပရိသတ်က လက်ခုပ်သံတွေနဲ့ အားပေးနှစ်သိမ့်ပေးကြပါတယ်။ ဒီပြိုင်ပွဲ အစအဆုံးကို Miss Universe ရဲ့ official website မှာလည်း တိုက်ရိုက် ထုတ်လွှင့်နေပါတယ်။ ဖိုင်နယ်ပွဲကိုတော့ ဒီဇင်ဘာ ၂၀ မှာ ပြုလုပ်မှာပါ။

 

Sourcce & Photo : missuniverse website

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ