play

 

အမေရိကန်နိုင်ငံ လတ်စ် ဗီးဂတ်မှာ ပြုလုပ်မယ့် Miss Universe 2015 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် မေဘရဏီသော်ရဲ့ ဝတ်စုံသစ်ကို အင်တာနက်ပေါ်မှာ ပျံ့နှံ့လာပါတယ်။

play

 

ရိုးရာဒီဇိုင်းအပေါ်မှာ ကြေးထည်၊ ကျောက်စိမ်း၊ ရွှေအစစ် စီးကွင့်များနဲ့ ဖန်တီးထားတာဖြစ်ပြီး အနုစိတ် လက်မှုပညာများနှင့် တီထွင်ထားတယ်လို့ သိရပါတယ်။

play

 

ဒီဝတ်စုံကို ဒီဇိုင်နာ ကိုမင်းသက်စံက ဖန်တီးထားတာဖြစ်ပြီး တိုင်းရင်းသားမျိုးနွယ်စုထဲက ကယန်းလူမျိုးစုရဲ့ ရိုးရာဝတ်စုံကို ကမ္ဘာသိအောင် ပြသလိုတဲ့ ရည်ရွယ်ချက်နဲ့ ဖန်တီးထားတာဖြစ်တယ်လို့ ဆိုပါတယ်။  ကြေးအစစ်နဲ့ တီထွင်ထားလို့ ဝတ်စုံအရမ်းလေးပေမဲ့ အားတင်းပြီးမြန်မာ့ဂုဏ်မညှိုးနွမ်းအောင် သွားရောက်ယှဉ်ပြိုင်မယ့် Miss Universe Myanmar  မေဘရဏီသော်ကို အားပေးဖို့ကိုလည်း သူက တိုက်တွန်းထားပါသေးတယ်။

Photo : Sweet & Smart Fashion Collection, May Barani Thaw Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video