Entertainment: ရှမ်းရိုးရာဓားသိုင်းကပြခဲ့သောဓားကို Miss World 2015 ပြိုင်ပွဲတွင် လေလံတင်ရောင်းချမည်

ကမ္ဘာ့နိုင်ငံအသီးသီးမှ အလှမယ်များမှ မိမိနိုင်ငံရှိ အထင်ကရပစ္စည်းတစ်ခုကိုလေလံတင် ပြသရမှာဖြစ်ပြီး ၊ လေလံတင်ရောင်းချခြင်းမှ ရရှိလာသည့် ငွေများကို Miss World သို့လှူဒါန်းကာ ၄င်းအဖွဲ့အစည်းမှတဆင့် လိုအပ်သည့်နေရာများသို့ ပြန်လည်လှူဒါန်းသွားမည်ဖြစ်သည်။

play

 

Miss World 2015 ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နေသော ခင်ရတနာသိန်းမြင့်မှ တရုတ်နိုင်ငံ Sanya မှာ ကျင်းပပြုလုပ်နေသည့် Miss World 2015 ပြိုင်ပွဲကြီး၏ ပြိုင်ပွဲတစ်ခုဖြစ်သည့် Talent Show ပြိုင်ပွဲတွင် ရှမ်းရိုးရာဓားသိုင်းကပြခဲ့သောဓားကို လေလံတင်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

လေလံတင်မည့်ဓားသည် မြန်မာနိုင်ငံမှ ဓားအကောင်းဆုံး ထွက်သော ရှမ်းပြည်နယ်တောင် ပိုင်း၊ ကျေးသီးဒေသ၊ ဟမ်းငိုင်းရွာမှ ထုတ်လုပ်သည့် ဟမ်းငိုင်းရှမ်း ဓားဖြစ်ပြီး သံမဏိ၊ ငွေ၊ ကြေး၊ ဘော်၊ ပြဒါးများဖြင့် ပြုလုပ်ထားကာ ရွှေသံဓားအမျိုးအစားဖြစ်ကြောင်း Miss Myanmar World ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။

play

 

အဆိုပါ ပြိုင်ပွဲတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ အလှမယ်များမှ မိမိနိုင်ငံရှိ အထင်ကရပစ္စည်းတစ်ခုကို လေလံတင် ပြသရမှာဖြစ်ပြီး ၊ လေလံတင်ရောင်းချခြင်းမှ ရရှိလာသည့် ငွေများကို Miss World သို့လှူဒါန်းကာ ၄င်းအဖွဲ့အစည်းမှတဆင့် လိုအပ်သည့်နေရာများသို့ ပြန်လည်လှူဒါန်းသွားမည်ဖြစ်သည်။

Miss World 2015 နောက်ဆုံးပြိုင်ပွဲကို ဒီဇင်ဘာ (၁၉) ရက်၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။

Photo: Miss World Myanmar Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ