Movie & Music: ရှိုးပွဲတစ်ခုတည်းမှာ အင်္ကျီဆင်တူဝတ်မိရက်သား ဖြစ်ခဲ့တဲ့ ဂျီဂျီဟက်ဒီးရဲ့ ရည်းစားနှစ်ယောက်

ဂျီဂျီနဲ့ ဂျိုးတို့ဟာ ၂၀၁၅ ဇွန်လမှာ ချစ်ခဲ့ကြပြီး နိုဝင်ဘာလမှာပဲ လမ်းခွဲခဲ့ကြပါတယ်။

play

 

စနေနေ့က ကယ်လီဖိုးနီးယားမှာ ပြုလုပ်ခဲ့တဲ့ Wango Tango ပွဲတော်မှာ မော်ဒယ်လေး ဂျီဂျီဟက်ဒီးရဲ့ လက်ရှိရည်းစားနဲ့ အရင်ရည်းစားတို့ ထင်မှတ်မထားဘဲ အင်္ကျီဆင်တူဝတ်မိရက်သား ဖြစ်ခဲ့ရပါတယ်။

play

 

ကာဆန်မှာ နှစ်စဉ်ပြုလုပ်တဲ့ ပွဲတော်ကို ဂျီဂျီရဲ့ရည်းစားဟောင်း ဂျိုးဂျိုနက်စ်နဲ့ လက်ရှိရည်းစား ဇေးမောလစ်တို့က သားရေဂျာကင်အနက်ကိုယ်စီဝတ်ပြီး ဖျော်ဖြေခဲ့ကြတာပါ။ တစ်နေ့တည်း တစ်ရက်တည်းမှာပဲ အင်္ကျီဆင်တူ ဝတ်မိရက်သား ဖြစ်သွားခဲ့တာကြောင့် နှစ်ဦးစလုံးရဲ့ စိတ်ထဲမှာ ကသိကအောင့်ဖြစ်သွားလိမ့်မယ်လို့ ထင်ပါတယ်။

play

 

ဂျိုးဂျိုနက်စ်ကတော့ ပွဲအစပိုင်းမှာ သူ့ရဲ့ DNCE အဖွဲ့သားတွေနဲ့အတူ ဖျော်ဖြေခဲ့တာဖြစ်ပြီး ဇေးကတော့ နောက်ပိုင်းမှသာ ဖျော်ဖြေခဲ့တာပါ။

Source : World Music

play

ဂျီဂျီဟက်ဒီးနဲ့ အဆိုတော် ဂျိုးဂျိုနက်စ်တို့ဟာ ပြီးခဲ့နှစ်က ငါးလတာ တွဲခဲ့ကြဖူးပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ