Movie & Music: ဗင်းနစ်ရုပ်ရှင်ပွဲတော်ကို အတူဖွင့်လှစ်ကြမယ့် အမ်မာစတုန်းနဲ့ ရွိုင်ယန်ဂေါ့စလင်း

, updated

အမ်မာနဲ့ ရွိုင်ယန်တို့ရဲ့ အကအလှတွေကို မြင်ရဖို့ရှိပါတယ်။

play

 

မင်းသမီးချော အမ်မာစတုန်းနဲ့ မင်းသား ရွိုင်ယန်ဂေါ့စလင်းတို့က ၇၃ ကြိမ်မြောက် ဗင်းနစ်ရုပ်ရှင်ပွဲတော်ကို အတူဖွင့်လှစ်ပေးကြမယ်လို့ သိရပါတယ်။

play

 

ဒီပွဲတော်ကို သြဂုတ် ၃၁ ရက်မှာ စတင်ဖွင့်လှစ်မှာဖြစ်ပြီး စက်တင်ဘာ ၃၀ ရက်နေ့အထိ ကျင်းပသွားမှာပါ။ အမ်မာနဲ့ ရွိုင်ယန်တို့ရဲ့ ဇာတ်ကားနဲ့ ပွဲတော်ကို ဖွင့်လှစ်ပြသသွားမှာဖြစ်ပါတယ်။

play

 

ဒါရိုက်တာ Damien Chazelle ရဲ့ La La Land ဇာတ်ကားမှာ ရွိုင်ယန်ဂေါ့စလင်းနဲ့အတူ အမ်မာစတုမ်းက တွဲဖက်သရုပ်ဆောင်ထားပြီး ဂျေကေ ဆိုင်မွန်လည်းပါဝင်ပါတယ်။ La La Land ဇာတ်ကားကို ယခုနှစ် ဒီဇင်ဘာ ၂ ရက်မှာ စတင်ရုံတင်မှာဖြစ်ပြီး အမေရိကန်ဂီတလောကရဲ့ရွှေရောင်ခေတ်ကာလကို ဂုဏ်ပြုရိုက်ကူးထားတဲ့ ဒရာမာဇာတ်ကားလည်းဖြစ်ပါတယ်။

Source : Varity

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ