Movie & Music: ဖျော်ဖြေပွဲတွေ ပြန်စတော့မယ့် ခက်ရှာ

ထုတ်လုပ်သူ ဒေါက်တာလုခ်နဲ့ကြားက ပြဿနာတွေဖြေရှင်းပြီးသွားပုံရပါတယ်။

play

 

ဒေါက်တာလုခ်နဲ့ ပြဿနာတွေဖြစ်ပြီးနောက်ပိုင်း အနုပညာလှုပ်ရှားခွင့် ထိန်းချုပ်ခံလိုက်ရတဲ့ အဆိုတော် ခက်ရှာ (Kesha) ရဲ့ ဖျော်ဖြေပွဲကို နွေရာသီမှာ ကြည့်ရှုနိုင်တော့မှာပါ။ အင်္ဂါနေ့က သူမရဲ့အင်စတာဂရမ်ပေါ်မှာ ဗီဒီယိုတစ်ခုတင်ပြီး ပြောသွားခဲ့တာ ဖြစ်ပါတယ်။

play

 

" ဒီနွေကျရင် ဖျော်ဖြေပွဲလုပ်မလို့၊ လက်မှတ်တွေကို ဒီနေ့ နေ့လယ် ၁ နာရီမှာ စရောင်းမယ်၊ လာကြမှာလား" လို့ သူမက ပြောထားပါတယ်။

play

 

The Creepies အမည်ရှိ တီးဝိုင်းနဲ့အတူ ဖျော်ဖြေပွဲတွေ ပြုလုပ်သွားမှာဖြစ်ပြီး ဇူလိုင် ၂၃ ရက်မှ အောက်တိုဘာ ၁ ရက်နေ့အထိ နယ်လှည့်ဖျော်ဖြေသွားမယ့်အကြောင်းကိုလည်း ရေးထားပါတယ်။ ဖျော်ဖြေပွဲအမည်ကိုလည်း Fuck the World Tour လို့ ပေးထားပုံကို ဓာတ်ပုံတစ်ပုံနဲ့တကွ သူမရဲ့လူမှုကွန်ရက်အကောင့်တွေမှာ ဖော်ပြထားပါတယ်။

Source : Kesha Instagram

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ